နိုင်ငံပေါင်း ၄ ခုမှာ တရားစွဲထားတာပါ

တရုတ်စမတ်ဖုန်းကုမ္ပဏီ OPPO ကို အာရှနဲ့ ဥရောပ ၄ နိုင်ငံမှာ နည်းပညာမူပိုင်ခွင့်မှုချိုးဖောက်မှုတွေနဲ့ Nokia က တရားစွဲလိုက်တယ်လို့ ဆိုပါတယ်။

Nokiamob က လာတဲ့သတင်းအရ ဖင်လန်တယ်လီကွန်းကုမ္ပဏီဟာ အိန္ဒိယ ၊ ပြင်သစ် ၊ ဂျာမနီနဲ့ ယူကေတို့ ပါဝင်တဲ့ ဥရောပနဲ့ အာရှတွေမှာ အမှုတွေ စွဲချက်တင်ထားတာလို့ ဆိုပါတယ်။ တင်ထားတဲ့ စွဲချက်တွေထဲမှာ User Interface နဲ့ Security Features တွေလိုမျိုး စံမရှိမဖြစ်မူပိုင်နည်းပညာ SEPs နဲ့ Non-SEPs တွေလည်း ပါတယ်လို့ ဖော်ပြထားပါတယ်။ သတင်းအရ ဂျာမနီတစ်နိုင်ငံတည်းမှာ OPPO ကို တရားစွဲမှုပေါင်း ၂၃ ခု လုပ်ထားတယ်လို့ဆိုပါတယ်။ 



Photo: ET Telecom

တိုင်ကြားတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ Nokia နဲ့ OPPO တို့ဟာ ၂၀၁၈ ခုနှစ်ကစပြီး နှစ်ကာလရှည် လိုင်စင်သဘောတူညီချက်တစ်ခုအတွက် လက်မှတ်ရေးထိုးထားတာတာပါ။ Nokia ရဲ့ မူပိုင်ခွင့်ကို သုံးတဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမှုအတွက် OPPO ဟာ Nokia ကို ဖုန်းတစ်လုံးကို ၃ ယူရိုပေးဆောင်ရဖို့ ရှိပါတယ်။ 

Nokia ရဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ OPPO ဟာ စာချုပ်ကို အသစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ငြင်းခဲ့ပေမယ့် ဒီမူပိုင်ခွင့်တွေကို ဆက်လက်သုံးစွဲနေတာကြောင့် ဥပဒေအရ ရင်ဆိုင်ဖို့ ဖြစ်လာတာလို့ ဆိုပါတယ်။ Noki‌‌‌a ပြောရေးဆိုခွင့်ရှိသူကတော့ အခုအခြေအနေကို ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ ပိုပြီးအပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခု ရှိနေတုန်းပဲလို့ ပြောပါတယ်။ 

Nokia ဟာ နည်းပညာမူပိုင်ခွင့်အများအပြား ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အရင်ကလည်း Lenovo နဲ့ Daimler တို့နဲ့ အလားတူ မူပိုင်ခွင့်တရားသဘောင်တွေ ကြုံခဲ့ပါတယ်။ FOSS Patents ရဲ့ အစီရင်ခံစာအရ Nokia ဟာ Lenovo နဲ့ Daimler တို့နဲ့အမှုမှာ အနိုင်ရအောင် လုပ်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ကိုပဲ OPPO နဲ့အမှုမှာ ပြန်သုံးသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က