Cybertruck ကားတွေမှာ သုံးလာဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

Samsung ဟာ နည်းပညာမြင့်ကားတွေအတွက် အထူးထုတ်ထားတဲ့ ISOCELL Auto 4AC ဆိုတဲ့ Image Sensorတစ်ခုကို မိတ်ဆက်ပြသလိုက်ပါတယ်။


ကားနည်းပညာပိုင်းအတွက် Samsung ကနေ ပထမဆုံး ထုတ်လုပ်ထားတဲ့ ဒီ Image Sensor ဟာ ပတ်ပတ်လည်မြင်ကွင်းကြည့် Monitor(SVM) တွေကို မောင်းနှင်ပေးဖို့ ဘက်ပြန်ကင်မရာ Reverse Camera နဲ့ တခြား အဆင့်မြင့်စနစ်တွေအဖြစ် အသုံးပြုနိုင်အောင် ရည်ရွယ်ထားတာပါ။ ISOCELL Auto 4AC ဟာ ၁/၃.၇ လက်မ ရှိတဲ့ အာရုံခံ sensor တစ်ဖြစ်ပြီး ရုပ်ထွက် 1.3MP (1280 x 960) နဲ့ လာပါတယ်။ 





Photo: Econo Times


Sensor ထဲမှာ ပုံရိပ်အချက်ပြဖမ်းစနစ် Image Signal Processor (ISP) တစ်ခု ပါရှိပါတယ်။ AEC-Q100 Grade 2 စံနဲ့အညီ ထုတ်ထားတာကြောင့် အပူချိန် အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်ကနေ ၁၂၅ ဒီဂရီ စင်တီဂရိတ်အတွင်းအထိ အလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ CornerPixel လို့ ခေါ်တဲ့ solution ကြောင့် ဘေးကင်းစွာ ကားမောင်းရေးအတွက် အဆင့်မြှင့်ထားတဲ့ မြင်ကွင်းပုံစံကို ကြည့်နိုင်မယ်လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ 


ISOCELL Auto 4AC sensor မှာ အဆင့်မြင့် 120dB HDR ပုံရိပ်နဲ့ LED flicker mitigation တောက်ပမှုလျှော့ချရေး(LFM) လိုမျိုး လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ 120dB HDR စနစ်ကြောင့် အမြန်ဖြတ်သွားတဲ့ ပုံထွက်တွေကို အလွန်နည်းပါးတဲ့ ရုပ်အလှုပ်ဝေဝါးမှု ပေးနိုင်ပြီး LED မီးရောင်တွေ တဖျပ်ဖျပ်လက်တာကိုလည်း လျှော့ချပေးသွားမှာပါ။ 4AC sensor ကို Samsung ဟာ အကြီးအကျယ် ထုတ်လုပ်မှုစတင်နေပြီလို့ ဆိုပါတယ်။


ဒီ Sensor ဟာ အလိုအလျောက်မောင်းနှင်ရေးသုံးတင် မဟုတ်ဘဲ ယာဉ်မောင်းကို စောင့်ကြည့်ရေးမှာပါ သုံးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ Korea Economic Daily သတင်းအရ Samsung Electro-Mechanics ဟာ အမေရိကထိပ်တန်းလျှပ်စစ်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Tesla နဲ့ ဒေါ်လာ ၄၃၆ သန်းတန် သဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုထားတယ်လို့ ဆိုပါတယ်။ ဒီပူးပေါင်းမှုကြောင့် Tesla ရဲ့ နောက်ဆုံးပေါ် Cybertruck ကားတွေမှာ Samsung image sensor တွေ သုံးလာဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။


Photo: GSMArena


Cybertruck မှာ နောက်ကြည့်မှန် မထားတာကြောင့် 4AC sensor တွေ တပ်ဆင်မယ်ဆိုရင်တော့ ရှေ့ဘန်ဘာအောက်နဲ့ ကားဘီးရှေ့ Fender တွေထဲမှာ ထည့်မြှပ်သွားရဖို့ ရှိပါတယ်။ အခုထိတော့ Tesla က ဒီသတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ Cybertruck ဟာ ၂၀၁၉ ခုနှစ်ထဲ ကြေညာခဲ့တာ ဖြစ်ပြီး ဈေးကွက်ထဲ ဖြန့်ချိဖို့ကတော့ ၂၀၂၂ ခုနှစ်အထိ စောင့်ရဖို့ ရှိနေပါတယ်။ 



က္က