ဈေးကွက်ပြိုင်ဆိုင်မှု ရှိမိ စုံစမ်းနေပါတယ်

၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးအတွက် Apple App Store ဂေဟစနစ်ကနေ ဒေါ်လာထရီလီယံဝက်ကျော် ပံ့ပိုးနိုင်ခဲ့တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

စီးပွားရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခု ဖြစ်တဲ့ Analysis Group ရဲ့ လေ့လာမှုသစ်မှာ App Store ဟာ ၂၀၁၉ ခုနှစ်အတွင်း ဒီဂျစ်တယ်နဲ့ရုပ်ဝတ္ထုပိုင်း ထုတ်ကုန်နဲ့ ဝန်ဆောင်မှုနှစ်ရပ် ရောင်းအားနဲ့ ဝင်ငွေမှာ ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၅၁၉ ဘီလျံအထိ ဖန်တီးပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ Apple App Store ရောင်းအားစုစုပေါင်းရဲ့ ၈၅% ကျော်ကို Third Party လုပ်ငန်းတွေမှ ရရှိခဲ့တာ ဖြစ်ပါတယ်။




Photo: Tech Crunch


Apple App Store ကနေ ဖန်တီးပေးခဲ့တဲ့ ဒေါ်လာ ၅၁၉ ဘီလျံထဲမှာ အစားအသောက် ၊ အဝတ်အထည် ၊ ကားငှားခြင်းနဲ့ ခရီးသွားခြင်း စတဲ့ app ဝန်ဆောင်မှုများမှ ဒေါ်လာ ၄၁၃ ဘီလျံ ၊ လူမှုကွန်ရက် app တွေထဲမှ in-app ကြော်ငြာတွေမှ ဒေါ်လာ ၄၅ ဘီလျံ နဲ့ in-app ဝယ်ယူမှုနဲ့ ဂိမ်းနဲ့ app ဒေါင်းလုပ်ဆွဲမှုလိုမျိုး ဒီဂျစ်တယ်ရောင်းအားကနေ ဒေါ်လာ ၆၁ ဘီလျံ ရှိခဲ့တယ်လို့ Analysis Group မှ ထုတ်ပြန်ပါတယ်။

COVID-19 ကပ်ဘေးကြောင့် အိမ်တွင်းအောင်းမှု များလာပြီးနောက် မိုဘိုင်းလ်ဂိမ်းပေါ် ငွေသုံးစွဲမှု မြင့်တက်ခဲ့သလို လူမှုကွန်ရက်ပေါ်မှ ဗွီဒီယိုနဲ့ ဖျော်ဖြေရေး app သုံးစွဲမှု မြင့်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အစားအသောက်နဲ့ ပစ္စည်းမှာယူတဲ့ app တွေ သုံးစွဲမှုလည်း ထိုးတက်လာခဲ့တယ်လို့ လေ့လာမှုက ဆိုပါတယ်။ 

"စိန်ခေါ်မှုတွေနဲ့ ဂယောက်ဂယက်ဖြစ်နေတဲ့ ကာလကြီးမှာ App Store ဟာ စွန့်ဦးတီထွင်မှုများ ၊ ကျန်းမာရေး ၊ ပညာ‌ရေးနဲ့ အလုပ်အကိုင်ဖန်တီးမှု နယ်ပယ်တွေမှာ အခွင့်အလမ်းတွေ ဖန်တီးပြီး ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့ လျင်လျင်မြန်မြန် လိုက်ပါပြောင်းလဲနိုင်အောင် ကူညီပေးခဲ့ပါတယ်။" လို့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်က ပြောပါတယ်။


Photo: The Verge

App Store ကို ၂၀၀၈ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး developers တွေအတွက် ဒေါ်လာ ၁၅၅ ဘီလျံကျော် ရရှိအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း Apple ဟာ ဝန်ဆောင်မှုပိုင်း ဝင်ငွေဒေါ်လာ ၄၆.၃ဘီလျံ ရရှိခဲ့ပါတယ်။ Apple ဟာ ဒီလထဲမှာ ရှယ်ယာဈေးထိုးတက်ခဲ့ပြီး ဒေါ်လာ ၁.၅ ထရီလီယံကျော် တန်တဲ့ ပထမဆုံးအမေရိကန်ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

Apple App Store ဟာ သူ့ရဲ့ ပလက်ဖောင်းပေါ် မှီခိုနေတဲ့ ပြင်ပ developers တွေကို ပိုပြီး ပြိုင်ဆိုင်မှုလုပ်လာတယ်ဆိုပြီး ဝေဖန်ခံထားရပါတယ်။ အမေရိကန် အိမ်ဖြူတော် တရားရေးကော်မတီဟာ ဈေးကွက်ပြိုင်ဆိုင်မှုချိုးဖောက်ခြင်း ရှိမရှိ စုံစမ်းဖို့ Apple အမှုဆောင်အရာရှိချုပ်ကို ဆင့်ခေါ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က