ပဿနာမဖြေရှင်းမချင်း တစ်နေ့ရင်းဂစ် ၁၅၀၀၀ ဒဏ်ရိုက်နေမှာပါ
Nyein Min Wai

မလေးရှားနိုင်ငံ ဈေးကွက်ယှဉ်ပြိုင်ရေးကော်မရှင် MyCC ဟာ စင်ကာပူအခြေစိုက် Grab ကို ရင်းဂစ် ၈၆ သန်းကျော် ( ဒေါ်လာ ၂၀.၅ သန်း) ဒဏ်ရိုက်ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။

MyCC ဘက်မှ Grab ဟာ ဈေးကွက်အတွင်းသြဇာကြီးမှုကို တလွဲသုံးပြီး ကုမ္ပဏီရဲ့ ယာဉ်မောင်းတွေကို ပြိုင်ဘက်တွေရဲ့ ကြော်ငြာဝန်ဆောင်မှုတွေ ၊ ပရိုမိုးရှင်းပေးတာတွေကနေ ကန့်သတ်ခဲ့တယ်လို့Reuters သတင်းမှာ ဖော်ပြထားပါတယ်။ MyCC ရဲ့ ဥက္ကဌ အစ္စကန်ဒါ အစ္စမေးလ်ကလည်း Grab အနေနဲ့နောက်ဆုံး ဆုံးဖြတ်ချက် မထွက်ခင်မှာ MyCC ဆီ လာပြီး တင်ပြဖို့ရက် ၃၀ အချိန် ရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

Photo: Tech In Asia

" Grab ရဲ့ လက်ရှိရော နောင်လာမယ့် ပြိုင်ဘက်တွေရဲ့ ဈေးကွက်ဝင်ရောက်ဖို့နဲ့တိုးချဲ့မှုမှာ အဟန့်အတားတွေ လုပ်ခြင်းအားဖြင့် သက်ဆိုင်တဲ့ ဈေးကွက်တစ်ခုမှာ ပလက်ဖောင်းအစုံက လာတဲ့ ယှဉ်ပြိုင်မှုပုံပျက်စေတာကို MyCC ဘက်က သတိပြုမိပါတယ်။" လို့အစ္စမေးလ်က ပြောပါတယ်။

MyCC အနေနဲ့Grab ဘက်က ဖြေရှင်းမှု မလုပ်မချင်း ယခုတစ်ပတ်ကြာသာပတေး ( အောက်တိုဘာ ၃ ရက်) နေ့ကစပြီး တစ်ရက်ကို ရင်းဂစ် ၁၅၀၀၀ ဒဏ်တပ်သွားမှာပါ။ Grab ကုမ္ပဏီကတော့ ယခုဆုံးဖြတ်ချက်ကို အံ့အားသင့်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့တောင်းဆိုမှုအတိုင်း ပြင်ပ ပလက်ဖောင်းတွေပေါ်မှာ third-party ကြော်ငြာတွေ ဖော်ပြတာမျိုး လုပ်ဆောင်ဖို့ဆုံးဖြတ်တာ ဖြစ်တယ်လို့ဆိုပါတယ်။


Photo: dealstreetasia

" ၂၀၁၀ ယှဉ်ပြိုင်မှု အက်ဥပဒေအတိုင်း ကျွန်မတို့အပြည့်အဝ လိုက်နာပါတယ်။ " လို့Grab ပြောခွင့်ရအမျိုးသမီးက Reuters ကို ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကုမ္ပဏီဘက်မှ အထောက်အထားအပြည့်အစုံနဲ့ရေးသားတင်ပြမှု လုပ်သွားမယ်လို့ဆိုပါတယ်။

Grab ဟာ အရှေ့တောင်အာရှရဲ့ အင်အားကြီး ထိပ်သီး Ride-Hailing လုပ်ငန်းကြီးတစ်ခု ဖြစ်သလို ၂၀၁၈ မတ်လကုန်ပိုင်းက Uber ရဲ့ အရှေ့တောင်အာရှ စီးပွားရေး လုပ်ငန်းတွေကို ဝယ်ယူပြီးနောက်မှာ ဝန်ဆောင်မှုသစ်များနဲ့လုပ်ငန်းတိုးချဲ့မှုများ လုပ်ဆောင်ထားပါတယ်။


က္က