loading...

loading...

loading...

source code တွေ ပေးပြီး အစစ်ဆေးခံခဲ့တာပါ
Nyein Min Wai

လုံခြုံရေးစိုးရိမ်ချက် ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ Huawei ဟာ ပြိုင်ဘက်ကုမ္ပဏီတွေရဲ့ လုံခြုံရေးပွင့်လင်းမြင်သာမှုကိုလည်း မေးခွန်းထုတ်လိုက်ပါတယ်။

Photo: SCMP

         တရုတ်အစိုးရနဲ့ပတ်သက်မှုရှိတယ်ဆိုပြီး အနောက်နိုင်ငံတွေမှ Huawei ကို စွပ်စွဲနေချိန်မှာ ကုမ္ပဏိရဲ့ အလှည့်ကျဥက္ကဌ Guo Ping မှ ရှန်းကျင့်မှာ ပြုလုပ်တဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည်ရှင်းတမ်းမှာ အခုလို ပြောခဲ့တာပါ။

South China Morning Post မှာ ဖော်ပြချက်အရ Huawei ဟာ ထုတ်ကုန်ပိုင်း ဘေးကင်းစိတ်ချရမှုနဲ့တာဝန်ခံမှုပိုင်း ရှိသလို ကုမ္ပဏီထုတ်ကုန်တွေရဲ့ စိတ်ချရမှုကို စစ်ဆေးဖို့အတွက် ဗြိတိန် watchdog ဆိုက်ဘာလုံခြုံရေး စင်တာ အကဲဖြတ်ကြီးကြပ်ရေးအဖွဲ့HCSEC ကို လေ့လာအကဲဖြတ်ဖို့source code တွေ စမ်းသပ်ခွင့်ပေးခဲ့တဲ့ တစ်ခုတည်းသော ပင်မတယ်လီကွန်း vendor လည်း ဖြစ်တယ်လို့မစ္စတာ Guo Ping က ဆိုပါတယ်။

         "ကျွန်တော်တို့ဘက်က ထုတ်ကုန်တွေကို လက်ဝယ်ပေးပို့တဲ့အတွင်း စိတ်ချရအောင် စမ်းသပ်ထားတဲ့အပြင် ထုတ်လုပ်မှုတစ်လျှောက်လုံးမှာ တာဝန်ခံမှု ရှိစေဖို့စံနဲ့အညီ လုပ်ဆောင်ထားပါတယ်။ " လို့သူက ဆိုပါတယ်။ "ဒါကြောင့်ပဲ အခုလို စမ်းသပ်ဖို့အတွက် ကျွန်တော်တို့ရဲ့ source codes တွေ ထုတ်ပေးခဲ့တာပါ။ ဒါဟာ တယ်လီကွန်းလောကအတွက် စံနမူနာကောင်းတစ်ခု ဖြစ်ပြီး တစ်ခြား vendors တွေလည်း ကျွန်တော်တို့လို အစစ်ဆေးခံနိုင်မယ်လို့မျှော်လင့်ပါတယ်" ၎င်းက ပြောခဲ့ပါတယ်။

Photo: SCMP

         ပြီးခဲ့တဲ့အပတ်က Huawei Cyber Security Evaluation Center (HCSEC) ရဲ့ ၅ ကြိမ်မြောက်နှစ်ပတ်လည် အစီရင်ခံထွက်လာပြီးနောက် Guo Ping မှ အခုလို မှတ်ချက်ပြုုခဲ့တာ ဖြစ်ပါတယ်။ HCSEC ရဲ့ အစီရင်ခံစာအရ Huawei ရဲ့ တယ်လီကွန်း ထုတ်လုပ်မှုဖြစ်စဉ်မှာ သိသာထင်ရှားတဲ့ နည်းပညာပြဿနာတွေ နဲ့လုံခြုံရေးချို့ယွင်းချက်တွေ ရှိတယ်လို့ဖော်ပြခဲ့တာ ဖြစ်ပါတပါတယ်။ HCSEC ရဲ့ ဒီအစီရင်ခံစာဟာ Huawei ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။

         Huawei ရဲ့ 5G တယ်လီကွန်းပစ္စည်းတွေဟာ လုံခြုံရေးအန္တရာယ်ဖြစ်နိုင်တယ်လို့အစီရင်ခံစာမှာ ရှင်းပြထားပေမယ့် ဒီအချက်ကြောင့် Huawei ကို နိုင်ငံရဲ့ အဓိက တယ်လီကွန်း provider အဖြစ်ကနေ အပြောင်းအလဲ ဖြစ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ Huawei ထုတ်ကုန်ပစ္စည်းတွေကို နိုင်ငံအတွင်း ပိတ်ပင်တာမျိုးတွေ လုပ်ဖို့ဒီအစီရင်ခံစာမှာ တောင်းဆိုထားတာ မရှိခဲ့ပါဘူး။

         ရှန်းကျင့်မှာ ပြုလုပ်သွားတဲ့ Huawei နှစ်ပတ်လည်ရှင်းတမ်းမှာ ကုမ္ပဏီအနေနဲ့ဆော့ဖ်ဝဲလ်စွမ်းဆောင်ရည်များ အဆင့်မြှင့်တင်ဖို့နဲ့ဆိုက်ဘာလုံခြုံရေးပိုင်း စိတ်ချရဖို့ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှပ်နှံထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီ Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်း ဝင်ငွေ ၁၉.၅% ခုန်တက်ခဲ့ပြီး ယွမ် ၇၂၁.၂ ဘီလျံ (ဒေါ်လာ ၁၀၇.၁၃ ဘီလျံ)ရခဲ့ပြီး တယ်လီကွန်းစီးပွားရေးဘက်မှ ယွမ် ၂၉၄ ဘီလျံ ဝင်ခဲ့တယ်လို့လည်း ကြေညာခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က