အဖွဲ့ဝင် ၂ သိန်းကျော် ရှိပါတယ်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 အကြောင်း အရေးကြီးသတင်းအချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ကြေညာဖို့ နိုင်ငံတော် သမ္မတရုံး ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် အခြားဝန်ကြီးဌာနများ ပူးပေါင်းပြီး COVID-19 INFO Myanmar နာမည်နဲ့ Viber community တစ်ခု ဖွဲ့စည်းလိုက်ပါတယ်။

Photo: COVID-19 INFO Myanmar Viber Community




COVID-19 INFO Myanmar Viber community ဟာ ပြည်တွင်းမှာ ဖြစ်နေတဲ့ လက်ရှိ COVID-19 ဖြစ်စဉ်များအားလုံးကို တစ်စုတစ်စည်းတည်း ပုံမှန် ထုတ်ပြန်ပေးနေတာဖြစ်ပြီး သတင်းအရင်းအမြစ်တွေကိုလည်း နိုင်ငံတော် သမ္မတရုံး ၊ နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နဲ့ တစ်ခြား ဝန်ကြီးဌာနတွေရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကနေ ရယူထားတာ ဖြစ်ပါတယ်။

ဒီ Community ထဲမှာ မြန်မာနိုင်ငံအတွင်း Coronavirus Disease 2019 (COVID-19) ကူးစက်ခံရမှု အခြေအနေများ ၊ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်များ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် အစိုးရမှ လုပ်ဆောင်နေတဲ့ အစီအမံများ ၊ အသိပေးကြေညာချက်များ အပြင် လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းမှား ရှင်းလင်းချက်များလည်း ဖော်ပြထားပါတယ်။

မတ်လ ၂၅ ရက် ညနေ ၅ နာရီခန့်အချိန်အထိ COVID-19 INFO Myanmar community မှာ အဖွဲ့ဝင် ၂ သိန်းကျော် ရှိနေပါတယ်။ လက်ရှိမှာ COVID-19 ဆိုင်ရာ သတင်းအချက်အလက်နဲ့ ထုတ်ပြန်ချက်တွေအပြင် ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များကို တိုင်းရင်းသားဘာသာစကားများ ဖြစ်တဲ့ ပိုးကရင်ဘာသာ ၊ စကောကရင်ဘာသာ ၊ ရခိုင်ဘာသာ နဲ့ တီးတိန်ဘာသာများနဲ့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

Photo: Ministry of Health and Sports Myanmar Facebook


COVID-19 ဟာ ကမ္ဘာပေါ်က နိုင်ငံနဲ့ နယ်မြေဒေသပေါင်း ၁၈၉ ခုမှာ ကူးစက်ပြန့်ပွားနေပြီး ရောဂါကြောင့် သေဆုံးနိုင်ခြေဟာ ပျမ်းမျှအားဖြင့် ၄.၄% ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် COVID-19 ရောဂါပိုးကူးစက်ခံရသူ ၂ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မတ်လ ၂၃ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီမှာ နောက်ထပ် COVID-19 ပိုးတွေ့ လူနာတစ်ယောက် တွေ့ရှိကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ကမ္ဘာအရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်း သတင်းအချက်အလက်များ ထုတ်ပြန်ပေးနေတဲ့ Woldometers ရဲ့ အချက်အလက်တွေအရ မတ်လ ၂၅ ရက်နေ့အထိ COVID-19 ကူးစက်ခံရသူ ၄၃၄၅၉၅ ယောက် ၊ သေဆုံးသူ ၁၉၆၀၃ ဦးနဲ့ ရောဂါမှ သက်သာကောင်းမွန်လာသူ ၁၁၁၈၅၃ ဦးရှိလာပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က