ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ထိရောက်ပြီး အသုံးတွင်မယ့် နည်းပညာ ဖြစ်လာနိုင်ပါတယ်။

Samsung ဟာ ကုမ္ပဏီထုတ် စမတ်ဖုန်းကာဗာ case တွေမှာ သုံးမယ့် Antimicrobial Coating နည်းပညာကို မှတ်ပုံတင်ထားတယ်လို့ ဆိုပါတယ်။

Antimicrobial Coating ဖုန်းကာဗာတွေမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ ကပ်တွယ်မနေနိုင်အောင် ပိုးသတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 အတွင်း စမတ်ဖုန်းတွေဟာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် မြင့်မားတဲ့ လူသုံးကုန်တွေထဲမှာ ပါနေပါတယ်။



Photo: gizmochina

ကိုရိုနာဗိုင်းရပ်စ်ဟာ မာကျောတဲ့ မျက်နှာပြင်တွေပေါ်မှာ ရက်အတန်ကြာ ရှင်သန်နေထိုင်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ထားပါတယ်။ စမတ်ဖုန်းတွေဟာ အသုံးများသလောက် ရောဂါပိုးသတ်မှုလိုမျိုး သန့်ရှင်းရေးလုပ်ဆောင်မှု အားနည်းတာကြောင့် ဖုန်းကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖို့ အလားအလာများနိုင်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ Samsung ဟာ ဇွန်လ ၃၀ ရက်နေ့မှာ Antimicrobial Coating မူပိုင်ခွင့်ကို နိုင်ငံအများအပြားမှာ တင်ထားတယ်လို့ Android Headlines သတင်းက ဆိုပါတယ်။ မူပိုင်ခွင့်နည်းပညာ တင်ထားတဲ့ နိုင်ငံတွေထဲမှာ စပိန် ၊ အီတလီ ၊ ဆွစ်ဇာလန် နဲ့ယူကေတို့လည်း ပါဝင်နေပါတယ်။ မူပိုင်ခွင့်မှာ အညွှန်းမှာ စမတ်ဖုန်းနဲ့ တက်ဘလက်ကွန်ပျူတာများအတွက် အကာအကွယ်ပေးနိုင်တဲ့ case နဲ့ covers တွေလို့ ဖော်ပြထားပါတယ်။

Galaxy Note 20 Ultra ဖြစ်နိုင်ဖွယ် ဒီဇိုင်း (Photo: Pocket-Int)


အရီဇိုးနားတက္ကသိုလ် သုတေသနစာတမ်းတစ်စောင်အရ Antimicrobial Coating နည်းပညာဟာ မျက်နှာပြင်တွေကို ကိုရိုနာဗိုင်းရပ်စ်ကနေ ရက် ၉၀ အထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်သတ်နိုင်မယ့် ဒီ Coating နည်းပညာ သုတ်လိမ်းထားတဲ့ မျက်နှာပြင်တစ်ခုပေါ် ဗိုင်းရပ်စ်ရောက်လာမယ်ဆိုရင် ၁၀ မိနစ်အတွင်း ဗိုင်းရပ်စ်အမှုန်တွေကို ၉၀%လျှော့ချပေးပြီး ၂ နာရီအကြာမှာ ၉၉.၉% အထိ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီ Antimicrobial Coating နည်းပညာကို Galaxy Note 20 စီးရီးဖုန်းသစ်တွေနဲ့အတူ ဩဂုတ်လထဲမှာ ကြေညာသွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ဒီနည်းပညာဟာ ထိရောက်ပြီး အသုံးတွင်မယ့် နည်းပညာ ဖြစ်လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က