Titan M Security chip ထဲက bug ကို ရှာဖွေဖော်ထုတ်ရမှာပါ
Nyein Min Wai

Google ကတော့ Pixel ဖုန်းတွေရဲ့ အားနည်းချက်ကို ဖော်ထုတ်ပေးသူတွေအတွက် ဆုကြေးတိုးမြှင့်ထားပါတယ်။


Google ဟာ Pixel စမတ်ဖုန်းတွေရဲ့ bugs ရှာဖွေပေးနိုင်သူတွေကို ဒေါ်လာ ၂ သိန်းကနေ အမြင့်ဆုံး ဒေါ်လာ ၁.၅ သန်းအထိ ဆုကြေးပေးသွားမယ်လို့ ကြေညာထားတာပါ။ ဒီဆုကြေးသစ်ဟာ Google Pixel ဖုန်းတွေထဲက Titan M security chip ထဲက bugs တွေကို ရှာဖွေဖော်ထုတ်နိုင်သူတွေကို ပေးတာ ဖြစ်ပါတယ်။

Photo: businessinsider


Titan M security chip ဟာ Pixel ဖုန်းတွေရဲ့ Operting System စနစ် ညီညွတ်မှုကို ကာကွယ်ပေးဖို့နဲ့ ဖုန်း lock စနစ်အတွက် ဇီဝအာရုံခံအချက်အလက်တွေ သိမ်းဆည်းဖို့ ဒီဇိုင်းရေးဆွဲထားပါတယ်။ ဒေါ်လာ ၁. ၅ သန်း ဆုကြေးရဖို့အတွက် ဆိုက်ဘာပညာရှင်ဟာ သီးသန့်် အန်းဒရိုက် developer preview editions သုံးထားတဲ့ ထုတ်ကုန်တစ်ခုပေါ်ကနေ ဒီ chipကို ချိုးဖောက်ဖို့ နည်းလမ်းရှာရမှာပါ။

နိုဝင်ဘာ ၂၁ ရက်နေ့က Google ရဲ့ ကြေညာမှုအရ Google ဟာ Pixel ထုတ်ကုန်တွေမှာ သုံးထားတဲ့ Titan M Security chip ကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့ remote code ထိုးဖောက်မှု လုပ်နိုင်တဲ့ ဘယ်သူကိုမဆို ဒေါ်လာ ၁ သန်းပေးမယ်လို့ ဆိုပါတယ်။ Pixel OS ကို အဝေးကနေ လှမ်းပြီး ဝင်ရောက်မှာ ဖြစ်လို့ ဖုန်း သုံးစွဲသူနဲ့ အပြန်အလှန်ဆက်သွယ်စရာ လိုမှာ မဟုတ်ပါဘူး။

တကယ်လို့ developer preview အဆင့်ရောက်နေတဲ့ Android ဗားရှင်းထဲ ထိုးဖောက်နိုင်ရင် ဆုကြေး ၅၀% ထပ်ပေးသွားမှာ ဖြစ်လို့ စုစုပေါင်း ဒေါ်လာ ၁.၅ သန်းအထိ ဆုကြေးရမှာ ဖြစ်ပါတယ်။ Google ဟာ လုံခြုံရေးအားနည်းချက် တွေ့ရှိမှုတစ်ခုချင်းအတွက် ပျမ်းမျှ ဒေါ်လာ ၃၈၀၀ ပေးအပ်နေပြီး ၂၀၁၉ ခုနှစ်မှာ တွေ့ရှိမှုတစ်ခုတည်းအတွက် အကြီးဆုံး ဆုကြေးဟာ ၁၆၁၃၃၇ ဒေါ်လာအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Google ဟာ ၂၀၁၅ ခုနှစ်က စလို့ Bug Bounty ဆုကြေးပေးတဲ့ အစီအစဉ်တွေကနေ လုံခြုံရေးပညာရှင်တွေကို ဒေါ်လာ ၄ သန်းကျော်အထိ ပေးထားပြီ ဖြစ်တယ်လို့လည်း BBC သတင်းမှာ‌ ဖော်ပြထားပါတယ်။


Author


က္က