Play store ဝန်ဆောင်မှုတွေကို ဖုန်းဘေလ်နဲ့ရှင်းနိုင်တဲ့ ပထမဆုံး ပြည်တွင်းအော်ပရေတာပါ
Nyein Min Wai

Google Play Store ပေါ်က app တွေနဲ့in-app items ဝယ်ယူမှုတွေအတွက် Ooredoo ဖုန်းဘေလ်နဲ့ငွေပေးချေနိုင်ပြီလို့ဆိုပါတယ်။

Ooredoo ဟာ Google နဲ့ပေါင်းပြီး Play Store ဝန်ဆောင်မှုတွေကို ဖုန်းဘေလ်နဲ့တိုက်ရိုက်ငွေချေမှု လုပ်ဆောင်နိုင်တဲ့ ပထမဆုံး ပြည်တွင်း အော်ပရေတာ ဖြစ်တယ်လို့လည်း ကုမ္ပဏီဘက်မှ ထုတ်ပြန်ပါတယ်။ Google နဲ့ပူးပေါင်းဆောင်ရွက်ရာမှာ ပထမအဆင့်အဖြစ် သြဂုတ်လ ၃၀ ရက်နေ့ကစပြီး Play Store ပေါ်က premium apps နဲ့in-app purchase လုပ်ဆောင်မှုတွေကို credit card မလိုဘဲ Ooredoo ဖုန်းဘေလ်နဲ့ငွေချေနိုင်မယ်လို့ဆိုပါတယ်။

Photo: Ooredoo Myanmar

" သုံးစွဲသူတွေအနေနဲ့သူတို့နှစ်သက်ရာ ပရီမီယံ အက်ပလီကေးရှင်းတွေနဲ့အက်ပလီကေးရှင်းတွေထဲက ဝယ်ယူမှုတွေကို ဝယ်ချင်တဲ့ အခါမျိုးမှာ အကြွေးဝယ်ကဒ် လိုအပ်တာကြောင့် တစ်ခါတစ်လေ အခက်အခဲ ဖြစ်တာကို သတိပြုမိပါတယ်။ အခုကစပြီး အူရီဒူး သုံးစွဲသူတွေအားလုံး ကိုယ့်ရဲ့ အူရီဒူးဖုန်းဘေလ်ကို သုံးပြီး အလွယ်တကူ ဝယ်ယူနိုင်မှာ ဖြစ်လို့ဒီဂျစ်တယ်လူနေမှုဘဝကို နှစ်ခြိုက်စွာ ခံစားလို့ရတော့မှာပါ။" လို့Ooredoo Myanmar ရဲ့ Chief Commercial Officer ဖြစ်သူ Mr.Alok Verma က ပြောပါတယ်။

Play Store ပေါ်မှာ app နဲ့itemsဝယ်ယူမှု လုပ်တဲ့ ပုံစံအတိုင်း သုံးစွဲသူရဲ့ gmail ကနေ အဆင့်ဆင့်ဝင်ရောက်ပြီး payment ကို Ooredoo အဖြစ် ရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။


က္က