မျက်လုံးမှိတ်ထားချိန်မှာတောင် Face unlock လုပ်နိုင်တာက စိုးရိမ်ရပါတယ်
Nyein Min Wai

fingerprint scanner မပါတော့တဲ့ Google Pixel 4 နဲ့Pixel 4 XL တွေအတွက် Face Unlock ဟာ အရေးကြီးဆုံး Biometric စနစ်ဖြစ်ပေမယ့် လုံခြုံမှုပိုင်းမှာ စိုးရိမ်စရာတွေ ရှိနေပါတယ်။

Google ဟာ Pixel 4 ဖုန်းတွေရဲ့ အပေါ် bezel မှာ အဆင့်မြင့်အာရုံခံစနစ်တွေ သုံးထားတဲ့ ကိုယ်ပိုင် Face Unlock စနစ် ထည့်သွင်းထားပါတယ်။ ဒီနည်းပညာဟာ Apple ရဲ့ Face ID စနစ်နဲ့ဆင်ပြီး မျက်နှာလော့ခ်ဖွင့်စနစ်ဟာ အတော်လေး မြန်ပါတယ်။ တစ်ခုရှိတာက Google ရဲ့ Face Unlock ဟာ မျက်လုံးပိတ်ထားချိန်မှာတောင် အလုပ်နေတာပါ။


Photo: News1


Privacy ပိုုင်းအရ စိုးရိမ်စရာ ဖြစ်လာတဲ့ ဒီအချက်ကို BBC သတင်းထောက်တစ်ဦးဖြစ်တဲ့ ခရစ္စဖော့က စတင် သတိထားမိတာ ဖြစ်ပါတယ်။ Apple ရဲ့ Face ID စနစ်ဟာ unlock မလုပ်ခင်မှာ သုံးစွဲသူအနေနဲ့ဖုန်းကို ကြည့်နေသလား မကြည့်ဘူးလားဆိုတာကို စစ်ဆေးပါတယ်။


Google ရဲ့ Face Unlock မှာ ကြုံရတဲ့ ပြဿနာဟာ ဖုန်းပိုင်ရှင်မဟုတ်သူတစ်ယောက်ယောက်ကနေ ဖုန်းကို ဖွင့်နိုင်တာကြောင့် စိတ်ပူစရာပါ။ ဒီအချက်ကို ခရစ္စဖော့က Pixel 4 နဲ့စမ်းပြပြီး Twitter ပေါ် တင်ထားပါတယ်။

ဒီစမ်းသပ်မှုကို လူတော်တော်များများနဲ့စမ်းခဲ့ပြီး အဖြေကတော့ တစ်ပုံစံတည်း ဖြစ်နေပါတယ်။ Pixel 4 စီးရီးရဲ့ Default Settings ကို သုံးပြီး Face Unlock စမ်းကြည့်ချိန်မှာ သုံးစွဲသူဟာ အိပ်ချင်ယောင်ဆောင်နေချိန်မှာတောင် lock ပွင့်နေတာ ဖြစ်ပါတယ်။

Photo: Android Authority


ဖုန်းပိုင်ရှင် အိပ်နေတုန်းမှာ သူ့မျက်နှာနဲ့ဖုန်းကို lock ဖွင့်နိုင်တယ်ဆိုတာကတော့ တကယ့် လုံခြုံရေးပြဿနာပါ။ Google ကတော့ Pixel 4 စီးမှာ သုံးထားတဲ့ Face Unlcok နည်းပညာကို ဓါတ်ပုံတွေ မျက်နှာဖုံးအတုတွေနဲ့လှည့်စားလို့မရဘူးလို့ဆိုထားပေမယ့် အပြည့်အဝ ယုံစားလို့မရသေးဘူးလို့ဆိုရမှာပါ။

တကယ်လို့Pixel 4 မှာ ပါတဲ့ မျက်နှာပြင်ဖတ်စနစ်ကို deactivate လုပ်မယ်ဆိုရင် Settings ကနေ Display ကို ရွေးပြီး Advanced section ထဲက Lock Screen Display အတိုင်းသွားပြီး Show Lockdown option ကို ဖွင့်ထားရမှာ ဖြစ်ပါတယ်။


က္က