FTC ကနေ စုံစမ်းစစ်ဆေးနေတာပါ

Facebook ဟာ အမေရိကန်နည်းပညာသမိုင်းမှာ အမြင့်ဆုံး ဒဏ်ကြေး ပေးဆောင်ရဖို့ရှိနေပါတယ်။

Photo: Reuters



         အမေရိကန်ဖက်ထရယ် ကုန်သွယ်ရေးကော်မရှင် FTC ဟာ သုံးစွဲသူကိုယ်ရေးအချက်အလက် ပေါက်ကြားစေမှုနဲ့Facebook ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး ပြစ်မှု ထင်ရှားမယ်ဆိုရင် Facebook ဟာ အနည်းဆုံး ဒေါ်လာ ၃ ဘီလျံကနေ ၅ ဘီလျံအကြား ပေးရဖို့ရှိနေတယ်လို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ FTC ဟာ Facebook ရဲ့ privacy မူဝါဒအကောင်အထည်ဖော်မှုကို စစ်ဆေးနေပြီး သုံးစွဲသူ အချက်အလက် လျှို့ဝှက်ပေးရမယ့် ဥပဒေသဘောတူညီချက်ကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းနေပါတယ်။

         FTC ဟာ ပြီးခဲ့တဲ့နှစ်က Facebook သုံးစွဲသူ ၈၇ သန်း ကျော်ရဲ့ အချက်အလက်များ ရယူသွားတဲ့ Cambridge Analytica ကိစ္စကစပြီး Facebook ပေါ် စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့တာပါ။ Facebook ဟာ အမှုကြီးနဲ့ရင်ဆိုင်နေရပေမယ့် ပြီးခဲ့တဲ့ ပထမသုံးလပတ်အတွင်း မျှော်လင့်ထားတာထက် ပိုပြီး ဒေါ်လာ ၁၅.၀၈ ဘီလျံ ဝင်ခဲ့တယ်လို့ဆိုပါတယ်။ လစသ်သုံးစွဲသူ ဦးရေကလည်း ၈% မြင့်တက်လာတာကြောင့် လက်ရှိမှာ Facebook သုံးစွဲသူ ၂.၃၈ ဘီလျံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

         "စိန်ခေါ်မှုတွေ ရှိပေမယ့် Facebook ပေါ်မှာ ကြော်ငြာရှင်တွေက အားကိုးနေရတုန်းပါပဲ။ အကြောင်းက သုံးစွဲတဲ့ users ပမာဏအားကောင်းသလို ေြက်ာငြာတွေလည်း ကိုယ်ရောက်ချင်တဲ့ လူထုဆီ ရောက်နိုင်တာကြောင့် Facebook ရဲ့ ဈေးကွက်အားကောင်းနေတာ ဖြစ်ပါတယ်။ " လို့eMarketer ဈေးကွက်လေ့လာသာ Debra Aho Williamson က ပြောပါတယ်။

         မကြာသေးမီက ကွန်ဖရင့်ခေါ်ဆိုမှုမှာ Facebook အမှုဆောင်တွေဟာ FTC စုံစမ်းမှုအကြောင်း အသေးစိတ် ပြောကြားခြင်း မရှိဘဲ စုံစမ်းဆဲမှာပဲ ရှိသေးတယ်လို့ဆိုခဲ့ပါတယ်။ FTC ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အချက်အလက် ချိုးဖောက်မှုနဲ့Google ကို စံချိန်တင် ဒဏ်ကြေး ဒေါ်လာ ၂၂.၅ သန်း ဒဏ်တပ်ခဲ့ပြီး Facebook ကတော့ Google ရဲ့ ဒဏ်ကြေးထက် အဆပေါင်းများစွာ ပိုဆောင်ရဖို့ရှိပါတယ်။

         တကယ်လို့Facebook သာ အစိုးရနဲ့၂၀၁၂ ခုနှစ်က သဘောတူညီထားတဲ့ သုံးစွဲသူ အချက်အလက် ကာကွယ်ရေးမှုကို ချိုးဖောက်ခဲ့မယ်ဆိုရင် တစ်ရက်ကို ဒေါ်လာ ၄ သောင်းအထိ ဒဏ်တပ်ခံရဖို့ရှိနေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က