ရှယ်ယာတန်ဖိုးလည်း တက်နေတယ်လို့ ဆိုပါတယ်

Zoom ရုပ်သံဗွီဒီယိုအစည်းအဝေးပလက်ဖောင်းဟာ သုံးပတ်အတွင်း ၅၀% အထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့အထိ သုံးစွဲသူ သန်း ၂၀၀ ခန့် ရှိခဲ့ရာကနေ ဧပြီ ၂၁ ရက်နေ့မှာ Zoom ရုပ်သံပလက်ဖောင်းကို နေ့စဉ်သုံးစွဲသူဦးရေဟာ သန်း ၃၀၀ ကျော် လာပြီလို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ Zoom ရဲ့ CEO အဲရစ်ယွမ်ကလည်း ဗုဒ္ဓဟူးနေ့က လုပ်တဲ့ လုံခြုံရေးအသားပေး Webinar တစ်ခုမှာ နေ့စဉ်သုံးစွဲသူ သန်း ၃၀၀ ကျော်လာတဲ့သတင်းကို အတည်ပြုခဲ့ပါတယ်။



Photo: BloombergQuint


လုံခြုံရေး အားနည်းချက်တွေကြောင့် ကုမ္ပဏီတစ်ချို့နဲ့ စာသင်ကျောင်းတွေမှာ Zoom အွန်လိုင်းအစည်းအဝေး ပလက်ဖောင်း သုံးစွဲမှု ရပ်ဆိုင်းခဲ့ပေမယ့် ကုမ္ပဏီရဲ့ ရှယ်ယာများ မြင့်တက်လာနေကြောင်း ရှယ်ယာရှင်များကို အကြောင်းကြားထားပါတယ်။ ဗုဒ္ဓဟူးနေ့အထိ Zoom ရှယ်ယာဟာ ၅% ခန့် မြင့်တက်ခဲ့ပြီး တစ်စုကို ၁၅၀.၂၅ ဒေါ်လာအထိ ရောက်လာတယ်လို့ ဆိုပါတယ်။

Zoom စတော့တန်ဖိုးဟာ ဒီနှစ်ထဲမှာ နှစ်ဆဖြစ်လာတာလည်း ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု မရှိသေးခင်က Zoom ဝန်ဆောင်မှု သုံးစွဲသူ ၁၀ သန်းခန့်ပဲ ရှိခဲ့ပြီး အများစုဟာလည်း ရုံးဝန်ထမ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ Cloud အခြေပြု Zoom Vido Communications ကို တရုတ်နိုင်ငံဖွား အမေရိကန်လူမျိုး အဲရစ်ယွမ်က ၂၀၁၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။


Photo: thenextweb

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အိမ်မှာပဲ နေထိုင်သူတွေနဲ့ အလုပ်လုပ်သူတွေ များလာပြီးနောက် Zoom ဝန်ဆောင်မှုကို သုံးစွဲသူဦးရေဟာလည်း တဟုန်းထိုး တိုးတက်လာခဲ့တာပါ။ ဧပြီလဆန်းပိုင်းက စပြီး Zoom ရုပ်သံအစည်းအဝေးများ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအားနည်းမှု ၊ အစည်းအဝေးကို ဖိတ်မထားသူများ ဝင်ရောက်နိုင်တဲ့ ZoomBombing ပြဿနာများကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေးအခြေစိုက် Zoom ကုမ္ပဏီဟာ ဧပြီ ၂၂ ရက်နေ့မှာပဲ privacy ပြဿနာဖြေရှင်းဖို့ Zoom 5.0 ဗားရှင်းသစ်ကို ဖြန့်ချိခဲ့ပါတယ်။ ဗားရှင်းသစ်မှာတော့ အစည်းအဝေးအချက်အလက် ပိုလုံခြုံအောင် AES 256-bit GCM Encryption စံ နဲ့ Zoombombing များ မဖြစ်အောင် အဆင့်မြှင့်တင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က