GDPR အရ အမြင့်ဆုံးဒဏ်ရိုက်မှုလည်း ဖြစ်ပါတယ်

ဥရောသမဂ္ဂအွန်လိုင်းအချက်အလက်လုံခြုံရေးစည်းမျဉ်းများ ချိုးဖောက်မှုနဲ့ Google ကို ပြင်သစ်နိုင်ငံ အမြင့်ဆုံးတရားရုံးဟာ ယူရိုသန်း ၅၀ (ဒေါ်လာ ၅၆သန်း) ဒဏ်ရိုက်လိုက်တယ်လို့ ဆိုပါတယ်။

အန်းဒရိုက်သုံးစွဲသူများအပေါ် ရှင်းလင်းတဲ့ သတင်းအချက်အလက်လုံလောက်အောင် မပေးခဲ့ဘူးဆိုပြီး Google ကို ပြင်သစ်နိုင်ငံ အချက်အလက်စောင့်ကြည့်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CNIL က ၂၀၁၉ ဇန်နဝါရီလထဲမှာ စတင်ဒဏ်ရိုက်ခဲ့ပါတယ်။ Google ဟာ ဒီဒဏ်ရိုက်မှုအတွက် အယူခံဝင်ခဲ့ပေမယ့် နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။




Photo: Nasdaq

"Google ရဲ့ လျှောက်ထားမှု ပယ်ချခံခဲ့ရပါတယ်"လို့ Conseil D'Etat ပြောရေးဆိုခွင့်ရှိသူက Tech Crunch ကို အီးမေးလ်နဲ့ အတည်ပြုပါတယ်။ Google ဟာ သီးသန့်ကြော်ငြာများအတွက် သုံးစွဲသူတွေရဲ့ အချက်အလက်ကို အသုံးပြုဖို့ ကာယကံရှင်များရဲ့ သဘောဆန္ဒကို ဥပဒေနဲ့အညီ တောင်းခံခဲ့ခြင်း မရှိဘူးလို့ CNIL က တွေ့ရှိခဲ့တာပါ။

"ပစ်မှတ်ထားကြော်ငြာမှုတွေနဲ့ ဆက်စပ်ပြီး သတင်းအချက်အလက်တွေကို ကာယကံရှင်ဆီက ခွင့်ပြုချက် ရယူရာမှာ ဖြစ်သင့်သလောက် ရှင်းလင်းကွဲပြားတဲ့ ပုံစံနဲ့ မလုပ်ဆောင်ခဲ့ဘူးဆိုတဲ့ CNILရဲ့ အကဲဖြတ်မှုကို နိုင်ငံတော်ကောင်စီမှ အတည်ပြုပါတယ်။" လို့ တရားရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Photo: Termly

Google ကို ဒဏ်ရိုက်တဲ့ ပမာဏဟာ ဥရောပရဲ့ အထွေထွေ အချက်အလက် ကာကွယ်ရေးစည်းမျဉ်းဥပဒေ GDPR အရ နည်းပညာကုမ္ပဏီကြီးတစ်ခုကို အမြင့်ဆုံး ဒဏ်ရိုက်လိုက်တာလည်း ဖြစ်ပါတယ်။ GDPR အရ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဥပဒေနဲ့ အညီ ရယူခြင်း မရှိတဲ့ ကုမ္ပဏီတွေကို တစ်ကမ္ဘာလုံးဝင်ငွေရဲ့ ၄% အထိ ဒဏ်ရိုက်နိုင်မှာပါ။ 

GDPR နဲ့ ငြိစွန်းမှုကြောင့် Google ၊ Facebook ၊ Apple နဲ့ Microsoft တို့ဟာ အိုင်ယာလန်နိုင်ငံမှာ စုံစမ်းစစ်ဆေးနေပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က