၂၀၂၂ နှစ်ဆန်းပိုင်းမှာ အရောင်းအဝယ် ပြီးပြတ်ဖို့ ရှိပါတယ်။
Nyein Min Wai

Nvidia ဟာ SoftBank ပိုင် Arm chip ကုမ္ပဏီကို စံချိန်တင်ဈေးနဲ့ ဝယ်ယူလိုက်ပါတယ်။

လက်ရှိပိုင်ရှင် SoftBank ဆီက Arm Holdings ကို စုစုပေါင်း ဒေါ်လာဘီလျံ ၄၀ ပေးပြီး ဝယ်ခဲ့တာ ဖြစ်တယ်လို့ Android Authority သတင်းက ဆိုပါတယ်။ Nvidia ရဲ့ Arm ကို ဝယ်ယူမှုဟာ Chip လုပ်ငန်းမှာ စံချိန်တင်အမြင့်ဆုံး အရောင်းအဝယ်တစ်ခုလည်း ဖြစ်ပါတယ်။ 

Photo: knowledgetoday

Nvidia အနေနဲ့ Arm ကို ဝယ်ယူဖို့ အတွက် ငွေသားနဲ့ စတော့ရှယ်ယာနှစ်ရပ်စလုံး ပေးခဲ့ရတာပါ။ အရောင်းအဝယ်မှာ Nvidia ဆီက ဒေါ်လာ ၂၁.၅ ဘီလျံတန် ရှယ်ယာ ၊ ငွေသား ၁၂ ဘီလျံ ၊ Arm ဝန်ထမ်းတွေအတွက် ဒေါ်လာ ၁.၅ ဘီလျံတန် ရှယ်ယာ နဲ့အတူ SoftBank ကို အရောင်းအဝယ် ပြီးပြတ်ပြီးနောက် ငွေသား ဒေါ်လာ ၅ ဘီလျံအထိ ထပ်ပေးရမှာ ဖြစ်ပါတယ်။

SoftBank ဟာ ယူကေအခြေစိုက် Arm ကို ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၃၂ ဘီလျံပေးပြီး ဝယ်ယူခဲ့တာပါ။ ဒီအရောင်းအဝယ်ကနေ Nvidia ကို Mobile Computing ပိုင်းမှာ ပိုပြီး နေရာရစေမှာ ဖြစ်သလို စမတ်ဖုန်း ၊ PC ကွန်ပျူတာနဲ့ ‌မောင်းသူမဲ့ကား ပလက်ဖောင်းတွေမှာ AI နည်းပညာသစ်တွေ ယူဆောင်လာမှာ ဖြစ်ပါတယ်။

Arm ကို ဝယ်ယူမှုဟာ နောက် ၁၈ လခန့် ကြာမြင့်ပြီး ၂၀၂၂ နှစ်ဆန်းပိုင်းမှာ ပြီးပြတ်သွားဖို့ ရှိပါတယ်။အရောင်းအဝယ်ကို အမေရိကန် ၊ ယူကေ ၊ တရုတ်နဲ့ ဥရောပသမဂ္ဂတို့မှာ ဥပဒေအရ ခွင့်ပြုချက်ရယူရမှာပါ။ Arm ရဲ့ ပင်မရုံးတွေဟာ ယူကေနိုင်ငံ ကမ်းဘရစ်ချ်မှာ ဆက်ပြီး ရုံးချုပ်စိုက်သွားမှာ ဖြစ်ပြီး ကမ္ဘာ့အဆင့် AI သုတေသနလုပ်ငန်းတစ်ခု အဖြစ် ရုံးခန်းတွေ တိုးချဲ့သွားမယ်လို့ Nvidia က ဆိုပါတယ်။ 

Photo: Android Authority

Arm designs သုံး processor တွေကို စမတ်ဖုန်းနဲ့ တက်ဘလက်အားလုံးနီးပါးမှာ သုံးနေတာ ဖြစ်ပြီး ဒီထဲမှာ Apple ၊ Qualcomm နဲ့ တစ်ခြားတစ်ခြား ချပ်စ်ကုမ္ပဏီတွေက ထုတ်တဲ့ chips တွေ ပါဝင်နေပါတယ်။ Nvidia အနေနဲ့ Arm ဒီဇိုင်းတွေ သုံးပြီး AI Supercomputer တစ်ခု တည်ဆောက်ဖို့ စီစဉ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က