ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ယူရို ၁ ဘီလျံ ဒဏ်တပ်ခံရပါတယ်

အွန်လိုင်းကြော်ငြာဈေးကွက်မှာ မရိုးဖြောင့်တဲ့နည်းတွေနဲ့ ကြော်ငြာမှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ ပြင်သစ်နိုင်ငံ ဈေးကွက်ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့ဟာ Google ကို ဒဏ်ရိုက်လိုက်ပါတယ်။

Google Ads ကြော်ငြာပလက်ဖောင်းမှာ နားလည်ဖို့ ခက်အောင် ရှုပ်ထွေးပြီးခန့်မှန်းလို့ မရတဲ့ စည်းမျဉ်းများ ထားရှိပြီး ဈေးကွက်ကြီးစိုးဖို့ လုပ်ဆောင်ခဲ့တယ်ဆိုပြီး ယူရိုသန်း ၁၅၀ (ဒေါ်လာ ၁၆၇ သန်း) ဒဏ်ရိုက်ခဲ့တာပါ။ ပြင်သစ်နိုင်ငံ ဈေးကွက်ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့ကတော့ Google ဟာ အထူးပြုစကားလုံး keywords အခြေခံပြီး ကြော်ငြာဝယ်သူအပေါ် မမျှတတဲ့ ဆက်ဆံမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။



Photo: Reuters India


အွန်လိုင်းရှာဖွေရေး ဈေးကွက်တစ်ခုလုံးရဲ့ ၉၀% ဝန်းကျင်ကို ရရှိထားတဲ့ Google အနေနဲ့ Google Ads ကို မျှမျှတတဖြစ်အောင် တာဝန်ယူရမယ်လို့လည်း စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။ "ဈေးကွက်ပြိုင်ဆိုင်မှု ဥပဒေရဲ့ အခရာအကျဆုံး စည်းမျဉ်းတွေထဲက တစ်ခုက ပိုပြီး ကြီးကျယ်လာလေလေ တာဝန်ယူမှု ပိုများလေလေပါပဲ" လို့ ပြင်သစ် ဈေးကွက် ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ အစ္စဘယ်လာ ဒီဆီးလ်ဗားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Google ဟာ ကြော်ငြာမူဝါဒကို လိုသလို ပြောင်းလဲမှု လုပ်ပြီး သူ့ရဲ့ ဈေးကွက်ဩဇာကို တလွဲလုပ်ဆောင်ခဲ့တယ်လို့ ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့အစည်းဟာ ဝက်ဘ်ဆိုက်အမျိုးမျိုးရဲ့ ရာသီဥတု ခန့်မှန်းချက်များ ၊ ကော်ပိုရိတ်အချက်အလက်များနဲ့ လမ်းညွှန်မှုများကို စီမံခန့်ခွဲနေတဲ့ ပြင်သစ်ကုမ္ပဏီ Gibmedia ရဲ့ တိုင်ကြားချက် ရပြီးနောက် ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှု လုပ်ခဲ့တာလို့ ဆိုပါတယ်။


Photo: En24 News

Gibmedia ရဲ့ အဆိုအရ Google ဟာ ကြိုတင် အသိပေးအကြောင်းကြားမှု မရှိဘဲ Google Ads အကောင့်တွေကို ဆိုင်းငံ့မှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။Google ကလည်း Gibmedia ဟာ ဝက်ဘ်ဆိုက်အတွက် ads တွေ run ပြီး ဝန်ဆောင်ခတောင်းရာမှာ ရှင်းလင်းမှု မရှိတဲ့ ဘေလ်စနစ်သုံးပြီး ဖောက်သည်တွေကို လှည့်ဖျားခဲ့တယ်လို့ ပြန်တုန့်ပြန်ထားပါတယ်။

Google ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘဏ္ဍာရေးလိမ်ညာမှုတစ်ခုကြောင့် ပြင်သစ်အာဏာပိုင်တွေကို ယူရို ၁ ဘီလျံ ပေးဖို့ သဘောတူခဲ့ရပါတယ်။ ဇန်နဝါရီလထဲမှာလည်း ပြင်သစ်အချက်အလက် ကာကွယ်ရေးစောင့်ကြည့်မှုအဖွဲ့အစည်းဟာ ဥရောပသမဂ္ဂရဲ့ အွန်လိုင်းကိုယ်ရေးမူဝါဒ ဥပဒေတွေကို ချိုးဖောက်မှုနဲ့ Google ကို ယူရိုသန်း ၅၀ ဒဏ်ရိုက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က