အရွယ်အစားအမျိုးမျိုးနဲ့ထွက်လာတာပါ။

မြန်မာငွေ ၉၉ သိန်း ကျော်ကနေ သိန်း ၁၉၀ ကျော်တန် QLED 8K တီဗွီနဲ့4K တီဗွီသစ်များကို Samsung မှ ပြည်တွင်းဈေးကွက်ထဲမှာ မိတ်ဆက်သွားပါတယ်။


         ပြည်တွင်းဈေးကွက်ထဲ ရောက်လာတဲ့ Samsung ရဲ့QLED TV သစ်တွေမှာ AI နည်းပညာ ပါဝင်တဲ့ Quantum Processor သုံးထားတာပါ။ မျက်နှာပြင်အရွယ်အစား ၆၅ လက်မ ၊ ၇၅ လက်မ ၊ ၈၂ လက်မမော်ဒယ်များအပြင် ၉၈ လက်မအရွယ်အစား အထိ ရှိတဲ့ QLED 8K TV အမျိုးအစားကိုလည်း မိတ်ဆက်ခဲ့တာဖြစ်ပြီး ၂၀၁၉ ထုတ် Samsung QLED TV တွေမှာ ပိုမိုကောင်းမွန်တဲ့ ဘေးဘောင်တည်ဆောက်ပုံအပြင် မြင်ကွင်းရှုထောင့်များ ပိုမိုကောင်းမွန်စေဖို့မျက်နှာပြင် တိုင်းတာမှတ်သားမှု ပုံစံတွေပါ သုံးထားတာကြောင့် နောက်ခံအလင်းဟာ တီဗွီမျက်နှာပြင်ပေါ်မှာ ညီညီညာညာ ဖြတ်သန်နိုင်မယ်လို့ဆိုပါတယ်။



         ဒီနှစ်ထဲ ထုတ်ထားတဲ့ Samsung QLED TV တွေဟာ အနက်ရောင်ကို ပိုမိုတိကျစွာ ထိရှိပြီး အလင်းဖြန့်နိုင်သလို အနက်ရောင် ထိန်းညှိမှု အချိုးအစားပိုင်း လုပ်ဆောင်ချက်များလည်း အသေးစိတ် ဖန်တီးပေးနိုင်မယ်လို့ကုမ္ပဏီက ကြေညာထားပါတယ်။ Samsung QLED 8K TV တွေဟာ HDR10+ နည်းပညာ ပါရှိပြီး HDMI 2.1 (8K 60P) transmission ကိုလည်း support ပေးနိုင်မယ်လို့ဆိုပါတယ်။

Photo: Samsung Myanmar

         အလင်းကို အလိုအလျောက် ထိန်းချုပ်နိုင်တဲ့ အာရုံခံစနစ်တွေပါဝင်တာကြောင့် နေ့/ည ကာလအလိုက် အလင်းအမှောင်ကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးသွားမယ်လို့ဆိုပါတယ်။ Samsung QLED TV သစ်တွေကို ရန်ကုန် ၊ မန္တလေး မြို့ကြီးများမှာ မေလကုန် နဲ့တစ်ခြားမြို့နယ်တွေမှာ ဇွန်လမှ စတင် ဝယ်ယူနိုင်မယ်လို့ကြေညာထားပါတယ်။ ပြည်တွင်းဈေးကွက်မှာ 8K နဲ့4K TV အမျိုးအစား ၂ မျိုးနဲ့လာပြီး အရွယ်အစားကို လိုက်ပြီး ကျပ် ၂၁ သိန်းကျော်ကနေ ၁၉၉ သိန်းကျော်အထိ ကျသင့်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က