MyTel ကတော့ အဆင်သင့်ဖြစ်နေပါပြီ
Nyein Min Wai

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကစပြီး ပဉ္စမမျိုးဆက် ဆက်သွယ်ရေးစနစ်သစ်ဖြစ်တဲ့ 5G ကို အသုံးပြုနိုင်ဖို့နိုင်ငံတိုင်းက တယ်လီကွန်း carrier တွေ ကြိုးပမ်းလာခဲ့သလို မြန်မာနိုင်ငံတယ်လီကွန်းလောကမှာလည်း 5G ဝန်ဆောင်မှူတွေ သူ့ထက်ငါ အပြိုင်ပေးနိုင်ဖို့စိုင်းပြင်လာပြီဖြစ်ပါတယ်။


5G ဝန်ဆောင်မှူကို တောင်ကိုရီးယား ၊ တရုတ် ၊ ဂျပန် ၊ ယူကေ နဲ့အမေရိကန်အပါအဝင် တစ်ခြား နိုင်ငံတစ်ချို့မှာ စတင်ပေးနေပြီ ဖြစ်ပါတယ်။ 5G ဆိုတာ ဘာလဲ ။ 5G ကြောင့် ဘယ်လိုကောင်းကျိုးတွေ ရှိလာမလဲ။

အရင်ဆုံးပြောရမှာက ဆက်သွယ်ရေးသမိုင်းမှာ ဖုန်းကွန်ရက်လိုင်းတွေ အသုံးပြုကြတဲ့ 1G Analogue ကနေ စတင်ခဲ့တယ်လို့ဆိုရမှာပါ။ Analogue အခြေခံတဲ့ ဖုန်းခေါ်ဆိုမှူတွေဟာ လုပ်ဆောင်ချက်နဲ့လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေ အများကြီး ရှိခဲ့ပါတယ်။

Photo: baophapluat

2G မှာ မက်ဆေ့ပို့တာ ၊ ဖုန်းခေါ်ဆိုတာတွေ ပိုအဆင်ပြေလာပေမယ့် အင်တာနက် ဝန်ဆောင်မှူတွေကိုတော့ 3G မှာမှ စပြီး ရလာတာပါ။ 3G အနေနဲ့လည်း အင်တာနက်သုံးလို့ရလာပေမယ့် ကွန်ရက်မြန်နှူန်းနဲ့သုံးစွဲသူအဆင်ပြေမှူမှာ အားနည်းချက်တွေ ရှိနေခဲ့ပါတယ်။

လက်ရှိ 4G ကွန်ရက်ကတော့ အင်တာနက်သုံးစွဲမှူ အများကြီး ပိုမိုအဆင်ပြေလာပေမယ့် မိုဘိုင်းဖွဲ့စည်းတည်ဆောက်ပုံ အားနည်းချက်တစ်ချို့ရှိနေပါသေးတယ်။ အခုချိန်မှာတော့ 5G ခတ်ကို ရောက်လာပါပြီ။ 5Gဟာ နောက်ဆုံးပေါ် Mobile Broadband နည်းပညာဖြစ်ပြီး ဒေတာပေးပို့ရယူမှူမှာ 4Gထက် အများကြီး ပိုမို သွက်လက် မြန်ဆန်လာမှာပါ။

5G ဟာ bandwidth ပိုများလာသလို base stations တွေရဲ့ ကျစ်လျစ်တဲ့ တည်ဆောက်ပုံတွေကြောင့် လိုင်းဆွဲအားမှာ အပြတ်သာမှာပါ။ 5G မှာ ဒေတာ download လုပ်ဆောင်မှူကို တစ်စက္ကန့်1600 Mbps နှူန်းနဲ့upload speed ကို တစ်စက္ကန့်150Mbps နှူန်းအထိ ထောက်ပံ့ပေးနိုင်တာဖြစ်တဲ့ ကွန်ရက်ချိတ်ဆက်မှူ ပိုမို အဆင့်မြင့်လာသလို IoT (Internet of Things) နည်းပညာကနေ Machine-to-Machine ဝန်ဆောင်မှူတွေအထိ support ပေးနိုင်မှာပါ။

ပျမ်းမျှအားဖြင့် 5G ကွန်ရက်ဟာ 4G ထက် အဆပေါင်း ၂၀ ပိုမြန်ပြီး ကွန်ရက်ချိတ်ဆက်မှူ ကြန့်ကြာချိန်မှာလည်း 4G ကွန်ရက်ဟာ 50 ms ကြာချိန်မှာ 5G ကတော့ 4ms ပဲ ကြာမှာ ဖြစ်ပါတယ်။ လှိူင်းနှူန်းစဉ်သုံးစွဲမှူ ထိရောက်မြင့်မားတာကြောင့် ဒေတာတွေအများကြီးကို error အနည်းဆုံးနဲ့ထုတ်ပေးနိုင်မှာပါ။

Photo: MyTel

အပေါ်မှာ ပြောခဲ့သလိုပဲ 5G ကြိုးမဲ့ကွန်ရက်နည်းပညာ ဝန်ဆောင်ပေးဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့ နိုင်ငံတွေကတော့ တောင်ကိုရီးုယား ၊ တရုတ် ၊ အမေရိကန် ၊ ဂျပန် နဲ့တစ်ခြားနိုင်ငံ ၆ နိုင်ငံလောက်ပဲ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အော်ပရေတာက စပြီး မိတ်ဆက်ဖြစ်မလဲဆိုတာ ယတိပြတ်ပြောလို့မရသေးပေမယ့် MyTel ကတော့ 5G နည်းပညာကို ပြည်တွင်းမှာ ပထမဆုံး ချပြ စမ်းသပ်သွားတဲ့ အော်ပရေတာ ဖြစ်ပါတယ်။

MyTel ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က 5G ကွန်ရက်ကို C Band (3.5GHz) နဲ့စမ်းသပ်ခဲ့ပြီး အဲဒီလို စမ်းသပ်စဉ်အတွင်း မြန်နှူန်းအနေနဲ့1.6Gbps အထိ ရောက်ခဲ့တာကို ဗွီဒီယိုဖိုင်နဲ့တကွ တင်ခဲ့ပါတယ်။ 4G ကွန်ရက်တစ်ခုဟာ အမြင့်ဆုံး မြန်နှူန်း 150Mbps ပဲ ရောက်နိုင်တာဖြစ်လို့MyTel ရဲ့ 5G demo ဟာ ၁၀ ဆမကမြန်တာ တွေ့ခဲ့ရပါတယ်။

လက်ရှိမှာလည်း MyTel ရဲ့ 5G ကွန်ရက်ကို မြန်မာပလာဇာမှာ ဖွင့်လှစ်သွားမယ့် MyTel Customer Experience Center မှာ စမ်းသပ်အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။MyTel ကတော့ 5G အတွက် အဆင်သင့်ဖြစ်နေပြီလို့ကြေညာထားသလို မြန်မာနိုင်ငံရဲ့ တစ်ခြား မြို့ကြီးတွေအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့5G ဝန်ဆောင်မှူ တရားဝင် အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့လည်း သိရပါတယ်။



ယခုသတင်းဆောင်းပါးကို MyTel မှ ကူညီပံ့ပိုးပေးထားပါသည်။


က္က