ဈေးနှုန်း ၊ လက်ဆောင်နဲ့ကံစမ်းမဲ အစီအစဉ်များ မိတ်ဆက်သွားမှာပါ
Nyein Min Wai

စက်တင်ဘာ ၁၀ ရက်နေ့က ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုက Apple ရုံးချုပ်မှာ မိတ်ဆက်သွားတဲ့ iPhone 11 ဖုန်းသစ်တွေကို ပြည်တွင်းဈေးကွက်ထဲမှာ နှစ်နေရာခွဲပြီး တရားဝင် မိတ်ဆက်တဲ့ အခမ်းအနားတစ်ခု အောက်တိုဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

နာမည်ကျော် စမတ်ဖုန်းတွေ နဲ့အီလက်ထရောနစ်ထုတ်ကုန်အမှတ်တံဆိပ်တွေကို အရှေ့တောင်အာရှဒေသတခွင်မှာ ဖြန့်ဖြူးနေတဲ့ စင်ကာပူအခြေစိုက် Genxt (Generation Next Communications) ကနေ ဦးဆောင်ပြီး iPhone 11 နဲ့iPhone 11 Pro ဖုန်းသစ်တွေကို Apple Authorized Reseller ဆိုင်တွေ ဖြစ်တဲ့ mDrive (ကမ္ဘာအေး) နဲ့Wai Yan Electronics ( မြန်မာပလာဇာ)တို့မှာ မိတ်ဆက်ခဲ့တာပါ။


မနက် ၁၀ ကနေ ညနေ ၅ နာရီအထိ လုပ်ခဲ့တဲ့ iPhone 11 ဖုန်းသစ် မိတ်ဆက်ပွဲမှာ ဘာတွေ ထူးခြားနေသလဲ။ ပြည်တွင်း ပေါက်ဈေးနဲ့ဘယ်လို အစီအစဉ်တွေ ပါဝင်ခဲ့သလဲ။

Photo: businessinsider


(၁) First Buyers တွေအတွက် iPhone case

ဒါကတော့ iPhone 11 သစ်တွေ အရင်ဆုံး ဝယ်ယူသူပေါင်း ၁၅၀ အတွက်ပါ။ official iPhone case တစ်ခု လက်ဆောင်ပေးသွားမှာပါ။ ဒီထက် ထူးခြားတာက gifts တွေပါ။

(၂) ဝယ်ယူသူတိုင်းအတွက် လက်ဆောင်

Authorized Apple Reseller တွေဆီကနေ iPhone 11 နဲ့iPhone 11 Pro ဝယ်သူတိုင်းကို Belkin 10W wireless charger တစ်ခု ၊ Screen protector နဲ့၂ သောင်းတန် gift voucher တစ်ခုတို့လက်ဆောင်ပြန်မယ်လို့ဆိုပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာက Trade-in အစီအစဉ်ပါ။


(၃) အလဲအထပ် အစီအစဉ်

Photo:wccftech


ကူပါတီနိုမှာ iPhone 11 သစ် မိတ်ဆက်ကတည်းက ဖုန်းဟောင်းတွေနဲ့trade-in အလိုက်ပေးလဲမယ့် အစီအစဉ်တစ်ခု လုပ်ခဲ့သလိုမျိုး ပြည်တွင်းမှာလည်း အလိုက်ပေး အလဲထပ် လုပ်လို့ရတော့မှာပါ။ ဒီအတွက်တော့ Apple Authorized Reseller ဆိုင်တွေမှာ သတ်မှတ်ထားတဲ့ iPhone မော်ဒယ်တွေကို လဲပေးမယ်လို့ဆိုပါတယ်။်


(၄) ကံစမ်းမဲ


iPhone 11 ပြည်တွင်းဈေးကွက် မိတ်ဆက်ပွဲမှာ AirPods 2 ပေါင်း ၂၀ ကို ကံစမ်းမဲဖောက်ပေးမယ့် အစီအစဉ်လည်း ထည့်သွင်းခဲ့ပါတယ်။ Apple ရဲ့ ဒုတိယမျိုးဆက် AirPods ဟာ Bluetooth 5.0 ပံ့ပိုးမှုပေးထားတာကြောင့် ဖုန်းနဲ့မီတာ ၂၄၀ အထိ လှမ်းချိတ်နိုင်သလို လိုင်းဆွဲအားလည်း ပိုသွက်မှာပါ။ AirPods 2 ဟာ ဒေါ်လာ ၂၀၀ ဈေး ပေါက်ပါတယ်။


(၅) ဈေးနှုန်း

Photo: genxtmyanmar


iPhone 11 ၊ iPhone 11 Pro နဲ့iPhone 11 Pro Max တွေကို မိတ်ဆက်စဉ်က ၆၉၉ ဒေါ်လာ ( မြန်မာငွေ ၁၀ သိန်း ၇ သောင်းခန့်) ၊ ၉၉၉ ဒေါ်လာ ( မြန်မာငွေ ၁၅ သိန်း ၃ သောင်းခန့်) နဲ့၁၀၉၉ ဒေါ်လာ ( မြန်မာငွေ ၁၆ သိန်း ၈ သောင်းခန့်) ဈေးနဲ့ရောင်းချမယ်လို့ကြေညာခဲ့ပါတယ်။

ပြည်တွင်းဈေးကွက်မှာ iPhone 11 (64GB) ကို ၁၃ သိန်း ၉ သောင်း ၉ ထောင်ကျပ် ၊ 128GB မော်ဒယ်ကို ၁၄ သိန်း ၉ သောင်း ၉ ထောင် ၊ 256GB ကို ၁၆ သိန်း ၉ သောင်း ၉ ထောင် ဈေးနဲ့ရောင်းချသွားမယ်လို့Genxt ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Pro မော်ဒယ် 64GB ကို ၁၉ သိန်း ၄ သောင်း ၉ ထောင် ၊ 256GB ကိုု ၂၂ သိန်း ၃ သောင်း ၉ ထောင် နဲ့512GB ကို ၂၆ သိန်း ၂ သောင်း ၉ ထောင်ဈေးနဲ့Pro Max မော်ဒယ် 64GB ကို ၂၁ သိန်း ၄ သောင်း ၉ ထောင် ၊ 256GB ကို ၂၄ သိန်း ၄ သောင်း ၉ ထောင် နဲ့512GB မော်ဒယ်ကိုတော့ ၂၈ သိန်း ၄ သောင်း ၉ ထောင်ဈေးနဲ့ရောင်းချသွားမှာပါ။


က္က