တကယ်မှန်ရင် ဒီနှစ်ထဲမှာ မြင်ရဖို့ရှိပါတယ်။

     ပြီးခဲ့တဲ့အပတ်ကပဲ ဒေါင်းလုပ်ဆွဲသူ သန်း ၄၀၀ ရှိလာတဲ့ PUBG Mobile ဟာ ကိုယ်ပိုင် စမတ်ဖုန်းထွက်လာဖို့ရှိနေပါတယ်။


         PUBG Mobile ရဲ့ မိခင်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Tencent ဟာ ၂၀၁၉ နှစ်ဆန်းကစပြီး ကိုယ်ပိုင် စမတ်ဖုန်းထုတ်သွားမယ်လို့သတင်းထွက်နေတာပါ။ တရုတ်မီဒီယာတစ်ခု ဖြစ်တဲ့ 36Kr မှာ Tencent ဟာ Gaming Phone ထုတ်ဖို့အတွက် မိုဘိုင်းဖုန်းထုတ်လုပ်သူ အများအပြားနဲ့ဆွေးနွေးနေတယ်လို့ဆိုပါတယ်။ ဒီသတင်းမှာတော့ Tencent ဟာ Asus ၊ Razer ၊ Xiaomi ရဲ့ Blackshark တို့နဲ့ဖုန်းဒီဇိုင်းနဲ့ထ့ုတ်လုပ်မှုအကြောင်း ပြောဆိုပြီးပြီလို့ဖော်ပြထားပါတယ်။



Photo: esportsobserver

         PUBG phone အနေနဲ့ထွက်လာမယ့် ဖုန်းဟာ Qualcomm ရဲ့ နောက်ဆုံးထွက် hardware တွေ သုံးသွားဖို့ရှိတယ်လို့ဆိုပါတယ်။ ဒီဖုန်းမှာ Tencent အမှတ်တံဆိပ် ဒါမှမဟုတ် Tencent နဲ့ထုတ်လုပ်တဲ့ကုမ္ပဏီနှစ်ခုရဲ့ အမှတ်တံဆိပ်တွေ ပါဝင်ဖို့လည်း ရှိပါတယ်။ ဒီသတင်းထဲမှာ ထွက်မယ့်ရက်နဲ့ဈေးနှုန်းမသိရသေးပေမယ့် ၂၀၁၉ နှစ်အကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ခန့်မှန်းရပါတယ်။

         အတည်မပြုနိုင်သေးပေမယ့် Tencent ဟာ ROG ဂိမ်းဖုန်း ထုတ်ထားတဲ့ ASUS နဲ့သဘောတူလက်မှတ်တစ်ခု ရေးထိုးထားတယ်လို့ဆိုပါတယ်။ တကယ်လို့ဒီသတင်းသာ မှန်မယ်ဆိုရင် လာမယ့် ဇူလိုင်မှာ Tencent အနေနဲ့ဂိမ်းဖုန်းထုတ်မယ့် အစီအစဉ်ကို ကြေညာသွားဖို့ရှိပါတယ်။ Tencent အနေနဲ့ဂိမ်းဈေးကွက်မှာ အင်အားကြီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး Activision-Blizzard နဲ့Epic တို့မှာလည်း အဓိကရှယ်ယာတွေ ရထားတာပါ။

         လက်ရှိ မိုဘိုင်းလ်ဂိမ်းဈေးကွက်မှာ ကစားသူအများဆုံးဂိမ်းဖြစ်တဲ့ PUBG Mobile ကိုလည်း Tencent ဟာ ပူးတွဲရေးဆွဲထားတာ ဖြစ်ပေမယ့် စမတ်ဖုန်းထုတ်ရာမှာတော့ လက်ရှိ ဈေးကွက်ထဲက OEMs တွေရဲ့ အကူအညီ အများကြီး လိုမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Tencent အနေနဲ့ဖုန်းကုမ္ပဏီအတော်များများနဲ့ပူးပေါင်းဖို့လုပ်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိအချိန်အထိ Tencent နဲ့Asus တို့ဘက်မှ Gaming phone ထုတ်မယ့် သတင်းကို အတည်မပြုသေးပါဘူး။

Photo: igadgetsworld

         ဂိမ်းဈေးကွက်ဟာ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီး တစ်ခု ဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမှာကို လူဦးရေရဲ့ ၃ ပုံ ၁ ပုံဟာ မိုဘိုင်းဂိမ်း ကစားနေကြတာပါ။ Tencent ဟာ Razer ဂိမ်းဖုန်းကုမ္ပဏီနဲ့ပေါင်းပြီး Tenent games တွေကို Razer Phone မှာ optimize ကစားနိုင်အောင် လက်တွဲခဲ့သလို မိုဘိုင်း controllers တွေနဲ့Razer ရဲ့ Cortex Mobile app ကိုလည်း ရေးဆွဲပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က