အိန္ဒိယမှာ PUBG ကစားခြင်းကြောင့် လူ ၁၈ ဦးထက်မနည်း အဖမ်းခံထားရပါတယ်

အိန္ဒိယနိုင်ငံသား လူငယ် ၂ ဦးဟာ PUBG Mobile ကစားရင်း ရထားတိုက်ခံရပြီး သေဆုံးမှု မဟာရပ်ချ်တာပြည်နယ် ဟင်ဂိုလိုခရိုင်မှာ ဖြစ်ပွားခဲ့ပါတယ်။

Photo: Engadget



         စနေနေ့ ညက ဖြစ်ပွားခဲ့တဲ့ ဒီလူသေမှုမှာ သေဆုံးသူ နှစ်ဦးဟာ အသက် ၂၄ နှစ်အရွယ် နာဂတ်ချ် ဂိုးနဲ့ဆဝပ်နီးလ်အန်နာပရူး (၂၂) နှစ်တို ဖြစ်တယ်လို့Times of India သတင်းမှာ ဖော်ပြထားပါတယ်။

         "သူတို့နှစ်ဦးက ရထားလမ်းနား PUBG ကစားနေတာပါ။ ဟိုက်ဒရာဘတ်နဲ့အက်ချ်မားသွားတဲ့ ရထားနဲ့တိုက်မိခဲ့တာ ဖြစ်ပါတယ်။ အလောင်းတွေကို ဘဘက်မှာမှ အဲဒီနားနေတဲ့ သူတွေ တွေ့ခဲ့တာ ဖြစ်ပါတယ်" လို့ရဲအရာရှိတစ်ဦးက ပြောပါတယ်။ ဒီအမှုကို မတော်တဆ လူသေမှုအဖြစ် ဟင်ဂိုလီရဲစခန်းမှာ မှတ်တမ်းတင်ထားတယ်လို့လည်း သူက ပြောပါတယ်။

         တောင်ကိုရီးယားဗွီဒီယိုဂိမ်းကုမ္ပဏီ BlueHole ကနေ ထုတ်ထားတဲ့ PUBG Mobile ဟာ အိန္ဒိယမှာ လူကြိုက်များလှတဲ့ အွန်လိုင်း တိုက်ခိုက်ရေးဂိမ်းဖြစ်ပြီး ဒီဂိမ်းကို ဂူဂျာရတ်မှာ ရဲအက်ဥပဒေနဲ့ပြည်နယ်အတွင်း ကစားခွင့် ပိတ်ပင်ထားပါတယ်။
Photo:Digit

         မကြာသေးမီကပဲ ရက်ချ်ကော့မှ ကောလိပ်ကျောင်းသား ၁၀ ဦးကို PUBG Mobile ဆော့မှုနဲ့ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အခုဆို ဒီဂိမ်းကစားလို့နောက်ထပ်ဖမ်းဆီးရခံရသူ ၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။ နောက်ထပ် ဖမ်းဆီးရမိတဲ့ ၈ ယောက်မှာ ၇ ယောက်ဟာ ကျောင်းသားတွေပဲ ဖြစ်ပြီး PUBG Mobile ဆော့တဲ့ ဖုန်းတွေ သိမ်းဆည်းပြီး အာမခံနဲ့ပြန်လွှတ်ပေးထားတယ်လို့ဆိုပါတယ်။

         လူအများနဲ့စုစည်းကစားရတဲ့ online battle ဂိမ်း PUBG Mobile ဟာ နေ့စဉ် ကစားသူ သန်း ၃၀ ရှိပြီး ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲထားတဲ့ အကြိမ်ပေါင်းဟာ သန်း ၂၄၀ ကျော်လာပြီလို့ဆိုပါတယ်။ PUBG Mobile ကစားသူတွေအနေနဲ့ဒီဂိမ်းပေါ် ငွေသုံးစွဲမှုဟာ စုစုပေါင်း ၁၅၈ သန်း ကျော်ခဲ့ပြီး ဒါဟာ ရက်ပေါင်း ၂၀၀ အတွင်း ရရှိခဲ့တဲ့ ဝင်ငွေလည်း ဖြစ်ပါတယ်။ PUBG ဟာ ဒီနှစ်ထဲမှာ PUBG Mobile Club Open 2019 နာမည်နဲ့စုစုပေါင်း ဒေါ်လာ ၂ သန်း ဆုကြေးပေးမယ့် ကမ္ဘာ့အဆင့်ဂိမ်းပြိုင်ပွဲတစ်ရပ် ကျင်းပသွားမှာပါ။

         ဂူဂျာရတ်ပြည်နယ်ဟာ PUBG Mobile ကြောင့် ပညာရေး ထိခိုက်မှုနဲ့လူငယ်များ ရိုင်းစိုင်းခက်ထန်လာမှာကို စိုးရိမ်ချက်နဲ့ကစားခွင့် ပိတ်ပင်ထားတာလို့ဆိုပါတယ်။ တစ်ခုရှိတာက PUBG Mobile လိုပဲ အပစ်အခတ်ဂိမ်းတွေ ဖြစ်တဲ့ Fortnite ၊ Rules of Survival ၊ Unkilled နဲ့Critical Ops တို့လို ဂိမ်းတွေကိုတော့ ကစားခွင့်ပြုထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က