ဂူဂျာရတ်မှာ ဖြစ်ခဲ့တာပါ

အိန္ဒိယရဲတပ်ဖွဲ့ဟာ PUBG Mobile ကစားနေတဲ့ တက္ကသိုလ်ကျောင်းသား ၁၀ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

         အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ဟာ ဂိမ်းစွဲလမ်းမှုနဲ့အကြမ်းဖက်မှုကို ဦးတည်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့PUBG Mobile ကို ပြီးခဲ့တဲ့ အပတ်က စပြီး ကစားခွင့်ပိတ်ပင်ထားတာပါ။ Hindustan Times မှာ ရေးသားချက်အရ ကျောင်းသားတွေဟာ ဒီဂိမ်းကို သဲကြီးမဲကြီး ဆော့နေတာ ဖြစ်လို့ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို ဖမ်းဆီးဖို့လာနေတာကို မော့တောင် မကြည့်မိခဲ့ဘူးလို့ဆိုပါတယ်။ အခုချိန်မှာတော့ ဒီကျောင်းသားတွေကို အာမခံနဲ့လွှတ်ပေးထားပါတယ်။ ၏



Photo: rappler

         PUBG Mobile ဟာ ဂူဂျာရတ်ကလွဲရင် အိန္ဒိယနိုင်ငံအနှံ့မှာ တရားဝင် ကစားခွင့်ရသေးတဲ့ ဂိမ်းဖြစ်ပြီး ဂူဂျာရတ်မှာတော့ မိဘတွေနဲ့ပညာရေး အသိုင်းအဝိုင်းများကနေ ကျောင်းသားများ စာသင်ကြားရာမှာ အနှောင့်အယှက်ဖြစ်စေဖို့နဲ့အကြမ်းဖက်မှု များလာစေနိုင်တယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင်း ဒီဂိမ်းကို ပြည်နယ်အတွင်း ကစားခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။ PUBG Mobile ကတော့ အိန္ဒိယလူငယ်များအကြား လူကြိုက်အများဆုံး ဂိမ်းဖြစ်လာပြီး ဒီဂိမ်းကို စွဲစွဲလန်းလန်းဆော့တာကလည်း စိတ်ပူစရာ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့ လကပဲ PUBG Mobile ရဲ့ မိခင်ကုမ္ပဏီ Bluehole မှ အိန္ဒိယမီဒီယာများနဲ့တွေ့ချိန်မှာ "တာဝန်ယူတတ်တဲ့ ဂိမ်းအသိုင်းအဝိုင်းအဖွဲ့ဝင်တွေ ဖြစ်စေဖို့အလွန်အရေးကြီးတာကို ယုံကြည်ကြောင်းနဲ့ဒီလိုဖြစ်လာစေဖို့ကျောင်းသားမိဘများ ၊ ပညာရေးပိုင်း ဆရာများ နဲ့အစိုးရအသိုင်းအဝိုင်းများနဲ့လက်တွဲလုပ်ဆောင်နေပြီး သူတို့ရဲ့ ပြောကြားချက်ကို နားထောင်နေကြောင်း " ပြောကြားခဲ့ပါတယ်။

Photo: firstpost

အခမဲ့ကစားနိုင်တဲ့ MOBA ဂိမ်းတစ်ခု ဖြစ်တဲ့ PUBG Mobile ဟာ လစဉ်ကစားသူ သန်း ၂၀၀ ကျော် ရှိလာပြီလို့ကြေညာထားပါတယ်။ PUBG ဟာ ရောင်းအားအကောင်းဆုံး ဗွီဒီယိုဂိမ်းများ စာရင်းမှာ အဆင့် ၅ က ရပ်တည်နေပြီး ဇွန်လ စစ်တမ်းများအရ သန်း ၅၀ ကျော် ရှိခဲ့တယ်လို့ဆိုပါတယ်။

၂၀၁၈  နိုဝင်ဘာတစ်လအတွင်း PUBG Mobile ကနေ ရတဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၂.၅ သန်း ရှိခဲ့ပါတယ်။ လက်ရှိမှာ PUBG ဟာ PUBG Mobile Club Open 2019 နာမည်နဲ့ဒီနှစ် ဇူလိုင်လထဲမှာ ဒေါ်လာ ၂ သန်း ကျော် ဆုကြေးပေးမယ့် ကမ္ဘာ့အဆင့် ဂိမ်းပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က