ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မိုဘိုင်းလ်ဂိမ်းလည်း ဖြစ်ပါတယ်။

     တရုတ်ဂိမ်းကုမ္ပဏီ Tencent Games ရ့ ထုတ်ပြန်ချက်အရ PUBG Mobile ကို ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၄၀၀ ပြည့်ပြီလို့ဆိုပါတယ်။




         PUBG Mobile 0.13.0 update သစ်နဲ့အတူ ဒီဂိမ်းကို တရုတ်နိုင်ငံပြင်ပမှာ နေ့စဉ် ကစားနေသူဟာ သန်း ၅၀ ရှိပြီလို့လည်း BGR သတင်းမှာ ဖော်ပြထားပါတ်ယ။ PUBG Mobile 0.13.0 update သစ်ဟာ First person နဲ့Third person modes တွေအတွက် သီးသန့်control settings တွေ ထည့်ထားသလို Team Deathmatch ဆိုတဲ့ game mode သစ်လည်း ပါလာပါတယ်။

Photo: Beebom

         Team Deathmatch mode သစ်ဟာ ပလေယာလေးယောက်ပါ နှစ်သင်း 4x4 battle mode ရင်ဆိုင်ရမှာ ဖြစ်ပြီး ကိုယ့်အခန်းနဲ့ကိုယ့် room card နဲ့အတူ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒီupdate သစ်မှာ ဂိမ်းထဲမှာ rank တက်ဖို့အပြင် cheat လုပ်တာတွေကို တားဆီးနိုင်အောင် အဆင့်မြှင့်ထားတဲ့ Third party Cheat prevention စနစ်နဲ့ပါလာပြီး ပလေယာတိုင်းဟာ Godzilla: King of the Monsters theme ကို သုံးနိုင်တော့မှာပါ။

         နောက်ထပ် update အနေနဲ့ပါလာတာကတော့ main screen မှာ ကစားသူတွေ မြင်နိုင်မယ့် Latency Indicator သစ် တစ်ခု ထည့်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်တန်း ပလေယာ ၁၀၀ အတွက် သီးသန့် gifts တွေ ပေးတဲ့ ranking system လည်း ပါဝင်လာပါတယ်။ PUBG Mobile 0.13.0 update သစ်မှာ မြေပုံသစ် ၊ Survive Till Dawn မှာ ဇွန်ဘီး skins သစ်များ နဲ့Darkest Night mode များလည်း ထည်သွင်းထားပါတယ်။

Photo: GSMArena

         ပြီးခဲ့တဲ့ မတ်လ တတိယပတ်ထဲမှာ PUBG ဟာ မိုဘိုင်းလ်ဗားရှင်း တစ်နှစ်ပြည့်ပွဲ ကျင်းပခဲ့ပါတယ်။ PUBG Mobile ဟာ ၂၀၁၈ ခုနှစ်ရဲ့ ဒေါင်းလုပ်ဆွဲမှု ဒုတိယအများဆုံး ဂိမ်းဖြစ်ခဲ့ပြီး ဒီဂိမ်းကို PUBG Corp နဲ့Tencent Holdings တို့မှ ပူးတွဲ ပိုင်ဆိုင်တာပါ။ ဒီဂိမ်းဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မိုဘိုင်းဂိမ်း ဖြစ်ပြီး ပြီးခဲ့တဲ့ လထဲမှာတင် ဒေါ်လာ ၁၄၆ သန်း ကျော် ဝင်ခဲ့တယ်လို့Financial Times မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က