သြဂုတ်လထဲမှာ ဒေါင်းလုပ်ဆွဲသူ သန်း ၁၀၀ ကျော်ခဲ့တဲ့ ဂိမ်းပါ

ပြည်တွင်းမှာ ခေတ်စားလာနေတဲ့ PUBG Mobile ဂိမ်းဟာ အခုဆို သူနဲ့ပြိုင်ဘက် Fortnite ဂိမ်းနဲ့ကစားသူဦးရေချင်း တူလာပြီ ဖြစ်ပါတယ်။

Photo: MensXP.com    

     PC ဗားရှင်းအနေနဲ့ပြီးခဲ့တဲ့ နှစ် မတ်လက စတင်ပြီး ထွက်ရှိလာတဲ့ PlayerUnknown's Battlegrounds (PUGB) ဂိမ်းဟာ မိုဘိုင်းလ်ဗားရှင်းအဖြစ် ဒီနှစ် မတ်လဆန်းပိုင်းမှာ iOS နဲ့Android ဖုန်းတွေပေါ် ရောက်လာခဲ့တာပါ။ ဂျပန်သည်းထိတ်ရင်ဖိုကား Battle Royale ကို ဂိမ်းအဖြစ် အသက်သွင်းထားတဲ့ ဒီဂိမ်းကို နေ့စဉ် ကစားသူ ဦးရေ သန်း ၃၀ ထိ ရောက်လာခဲ့ပြီလို့ကုမ္ပဏီက The Verge ကို ပြောကြားခဲ့ပါတယ်။

         PUBG Mobile ဂိမ်းဟာ Google Play မှာ တစ်နှစ်တာအတွက် အကောင်းဆုံး ဂိမ်းအဖြစ် စာရင်းသွင်းခံရပြီး အခုချိန်မှာ ဒီဂိမ်းကို ကစားဖို့ဒေါင်းလုပ်ဆွဲကြတဲ့ အကြိမ်ရေပေါင်းဟာ သန်း ၂၀၀ ကျော်လာပြီလို့ဆိုပါတယ်။ ဒီဂိမ်းနဲ့ပြိုင်ဘက် Fortnite ဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပလေယာပေါပင်း သန်း ၂၀၀ ရှိလာပြီလို့ကြေငြာထားပါတယ်။

         တစ်ခုရှိတာက PUBG Mobile ကို ဆော့တဲ့ ဦးရေကို တွက်ချက်ရာမှာ တရုတ်နိုင်ငံမပါဝင်တာကြောင့် တကယ့်တကယ် PUBG Mobile ကို အပြင်မှာ ကစားတဲ့ ဦးရေဟာ Fortnite ထက် သာဖို့ရှိပါတယ်။ gameplay မှာ Fortnite နဲ့PUBG တို ု့ဟာ အတော်လေး ဆင်နေပါတယ်။ ဒါကြောင့်ပဲ ကုမ္ပဏီနှစ်ခုအကြား UI ဒီဇိုင်းမူပိုင်ခွင့် ပုံတူကူးမှုနဲ့တရားတဘောင်တွေ ဖြစ်နေတာပါ။

         အွန်လိုင်း multiplayer တိုက်ခိုက်ရေး ဂိမ်း ဖြစ်တဲ့ PUBG Mobile ဂိမ်းကို တောင်ကိုရီးယားဗွီဒီယိုဂိမ်းကုမ္ပဏီ Bluehole ပိုင် PUBG Corporation က ဒီဇိုင်းဆွဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပလေယာပေါင်း ၁၀၀ အထိ ပါဝင်ပြီး နောက်ဆုံးမှာ အနိုင်ရတဲ့ ပလေယာ ပဲ ရှင်သန် ကျန်ရစ်အောင် ကြိုးပမ်းရတဲ့ အွန်ုလိုင်းဂိမ်းပါ။

Photo: gadgethacks

         PUBG ဟာ ရောင်းအားအကောင်းဆုံး ဗွီဒီယိုဂိမ်းများ စာရင်းမှာ အဆင့် ၅ က ရပ်တည်နေပြီး ဇွန်လ စစ်တမ်းများအရ သန်း ၅၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ပြီးခဲတဲ့ သြဂုတ်လထဲမှာ PUBG Mobile ဂိမ်းကို ဒေါင်းလုပ်ဆွဲသူ ဦးရေဟာ သန်း ၁၀၀ ကျော် လာခဲ့တာ ဖြစ်လို့၄ လအတွင်း နောက်ထပ် သန်း ၁၀၀ တက်လာခဲ့တာပါ။



က္က