အာမခံပေးလို့ရတဲ့ အမှုဖြစ်ပါတယ်။

Player Unknown's Battleground လို့ခေါ်တဲ့ PUBG ဟာ အိန္ဒိယမှာ ရှိတဲ့ မြို့တော်တော်များများမှာ အပိတ်ခံထားရပါတယ်။

         အထူးသဖြင့် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဟာ PUBG Mobile ဂိမ်းဆော့မှုကို ဥပဒေနဲ့တားမြစ်ပိတ်ပင်ထားပြီး လက်ရှိမှာ ဒီဥပဒေကို ချိုးဖောက်တဲ့ PUBG Mobile ကစားသူ အနည်းဆုံး ၁၆ ဦး အဖမ်းခံထားရတယ်လို့Indian Express သတင်းမှာ ဖော်ပြထားပါတယ်။ ဂူဂျာရတ်ပြည်နယ်မှ ရက်ဂျ်ကော့အထူးတပ်ဖွဲ့SOG ဟာ ဗုဒ္ဓဟူးနေ့ကလည်း ရဲဌာနချုပ်နားမှာ PUBG Mobile ကစားနေတဲ့ လူငယ် ၃ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

Photo: BBC



         ဂူဂျာရတ်ပြည်နယ်ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီးဖြစ်သူ မန်နော့ချ် အက်ဂရာဝဲလ်ဟာ မတ်လ ၆ ရက်နေ့ရက်စွဲနဲ့ရက်ဂျ်ကော့မှာ PUBG Mobile ကစားရင်ဖမ်းမယ်ဆိုပြီး အသိပေးအကြောင်းကြားခဲ့တာပါ။ မတ်လ ၁၄ ရက်နေ့အထိ ဒီအချက်ကို ဖောက်ဖျက်မှုနဲ့အမှုတွဲ ၁၂ ခု စွဲချက်တင်ထားတယ်လို့ဆိုပါတယ်။ PUBG Mobile ကစားလို့အဖမ်းခံရသူများကို အာမခံပေးလို့ရပြီး ရဲလုပ်ထုံးအရ ချက်ချင်း အာမခံပေးတယ်လို့ဆိုပါတယ်။

         ဒီအမှုနဲ့အဖမ်းခံရသူတွေဟာ တရားရုံးတက်ရပြီး အသိပေးချက်ကို မလိုက်နာမှုအပေါ် အစစ်ဆေးခံရမှာလည်း ဖြစ်တယ်လို့Indian Express ကို ကော်မရှင်နာမင်းကြီးက ပြောကြားခဲ့ပါတယ်။ ဂူဂျာရက်ရဲတပ်ဖွဲ့အက်ဥပဒေအရ ပိတ်ပင်ထားတဲ့ PUBG Mobileကို ကစားမှုနဲ့ ဒီတစ်ပတ်ထဲမှာပဲ တက္ကသိုလ်ကျောင်းသား ၁၀ ဦးကို ဖမ်းဆီးပြီး သူတို့ရဲ့ ဖုန်းတွေ သိမ်းဆည်းခဲ့ပါတယ်။ အင်္ဂါနေ့က PUBG Mobile ကစားလို့အဖမ်းခံရသူ ၆ ဦးကလည်း အသက် ၁၈ နှစ်ကနေ ၂၂ နှစ်ကြားအရွယ် ကောလိပ်ကျောင်းသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

Photo: businesstoday.in

         "ရဲတွေကတော့ သူတို့ဖုန်းထဲမှာ PUBG ဂိမ်း ဖွင့်ထားသလား ကြည့်တယ်။ နောက်ပြီး သူတို့လက်ကိုင်ဖုန်းရာဇဝင်တွေ စစ်ဆေးတာပေါ့။ အဲဒီလူငယ်တွေကိုတော့ မတူညီတဲ့ အမှု ၆ မျိုးနဲ့တရားစွဲထားပါတယ်။" လို့ရက်ဂျ်ကော့ ရဲအင်စပက်တာဖြစ်သူ V.S. Vanzara က ပြောပါတယ်။ PUBG Mobile ကို ပြည်နယ်အတွင်း ကစားခွင့်ပိတ်ပင်ရတဲ့ အကြောင်းကတော့ လူငယ်များ ရိုင်းစိုင်းကြမ်းတမ်းလာမှာ စိုးရိမ်ချက်နဲ့ပညာရေးနောက်ကျမှာ စိုးရိမ်မှုတွေကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

         စိတ်ဝင်စားစရာတစ်ခုက PUBG Mobile လိုပဲ အပစ်အခတ်ဂိမ်းတွေ ဖြစ်တဲ့ Fortnite ၊ Rules of Survival ၊ Unkilled နဲ့Critical Ops တို့လို ဂိမ်းတွေကိုတော့ ကစားခွင့်ပြုထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က