တကယ့် ငှက်တစ်ကောင်လို ပျံသန်းနိုင်မှာပါ

တရုတ်နိုင်ငံ ရှင်းဂျန်းဒေသမှာ ငှက်အစစ်နဲ့မခြား ပျံသန်းလှုပ်ရှားနိုင်တဲ့ အဆင့်မြင့်နည်းပညာသုံး ငှက်ဒရုန်းများကို ထောက်လှမ်းရေးမှာ အသုံးပြုနေပြီလို့ဆိုပါတယ်။



 

South China Morning Post မှ သတင်းအရင်းအမြစ်များအရ စစ်တပ်နဲ့အစိုးရအဖွဲ့အစည်းပေါင်း ၃၀ ကျော်ဟာ မကြာသေးခင်နှစ်များအတွင်း ပြည်နယ် ၅ ခုရဲ့ ကောင်းကင်ကနေ စောင့်ကြည့်ထောက်လှမ်းနိုင်မယ့် ငှက်ပုံစံ ဒရုန်းနဲ့အခြား ဆက်စပ်ပစ္စည်းများ အသုံးပြုခဲ့တယ်လို့ဖော်ပြထားပါတယ်။ တရုတ်အစိုးရရဲ့ ဒီပရိုဂရမ်ကို Dove လို့လျှို့ဝှက်နာမည်ပေးထားပြီး ရှီအန်းအနောက်မြောက်ပိုင်း ပိုလီနည်းပညာတက္ကသိုလ် ပါမောက္ခ ဆွန်ဘီဖန်းက ဦးဆောင်အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။ ဆွန်ဟာ အာရှရဲ့ ပထမဆုံး ပဉ္စမမျိုးဆက် ရေဒါအသံစနစ်နဲ့မဖမ်းနိုင်တဲ့ ဖိုက်တာဂျက်လေယာဉ်ပျံ စီမံကိန်း Chengdu J-20 ကို ဦးဆောင်ခဲ့တဲ့ အကြီးတန်း သိပ္ပံပညာရှင်ဟောင်းတစ်ယောက်လည်း ဖြစ်နေပါတယ်။

တရုတ်နိုင်ငံသားများကို စောင့်ကြည့်ရေးအစီအစဉ်အဖြစ် ထုတ်လုပ်ထားတဲ့ ငှက်ဒရုန်းတွေဟာ တကယ့်ငှက်များလို ပျံသန်းနိုင်တဲ့ လျှပ်စစ်မော်တာတပ် တောင်ပံတစ်စုံ ပါရှိပြီး ရုပ်ထွက်မြင့် HD ကင်မရာတစ်စုံ ၊ GPS တည်နေရာပြစနစ် တစ်ခု ၊ ပျံသန်းမှု ထိန်းကျောင်းရေး စနစ်နဲ့ဂြိုလ်တုနဲ့ချိတ်ဆက်ကာ ဒေတာပို့ဆောင်နိုင်တဲ့ နည်းပညာများ ပါရှိထားပါတယ်။ ဒီငှက်ဒရုန်းတွေ အသုံးပြုမှုဟာ အခုချိန်မှာတော့ အတိုင်းအတာအားဖြင့် နည်းပါးဆဲ ဖြစ်ပြီး လာမယ့် အနာဂါတ်မှာ ယခုထက်ပိုပြီး ကြီးမားကျယ်ပြန်လာဖို့ရှိတယ်လို့ဆိုပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံတွင်း ပြည်သူပြည်သားများကို အဆင့်မြင့် နည်းပညာများနဲ့အဘက်ဘက်မှ ထိန်းကျောင်းစောင့်ကြည့်နေတာပါ။ ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးကာလအတွင်းမှာလည်း တရုတ်ရဲတပ်ဖွဲ့ဟာ မျက်နှာပြင်ဖတ်နည်းပညာပါ နည်းပညာမြင့် မျက်မှန်အကူအညီနဲ့ပြစ်မှုကျူးလွန်သူ ၇ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

မျက်နှာပြင်ဖတ် မျက်မှန်နှင့် ရဲမေတစ်ဦး

 

တရုတ် CCTV စောင့်ကြည့်ရေးကွန်ရက်ရဲ့ အဆိုအရ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ AI နည်းပညာသုံး CCTV ကင်မရာပေါင်း သန်း ၆၀၀ ကျော်ဟာ နိုင်ငံသားများကို စောင့်ကြည့်မှတ်တမ်းတင်သွားမယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က