ပုပ်ရဟန်းမင်းကြီးဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်

နည်းပညာအမြင့်ဆုံး နိုင်ငံတွေထဲက ထိပ်တန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာ လာမယ့် နိုဝင်ဘာ ၂၃ ရက် စနေနေ့မှာ အလည်အပတ်လာရောက်မယ့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အတွက် ထူးခြားတဲ့ ကြိုဆိုမှုတစ်ခု လုပ်ဆောင်ထားပါတယ်။

အဲ့ဒါကတော့ ဂျပန်နိုင်ငံကို အလည်အပတ်လာရောက်မယ့် ပုပ်ဖရန်စစ်အတွက် နောက်ဆုံးပေါ် AI နည်းပညာ အကူအညီနဲ့ ကြိုဆိုရေးသီချင်းတစ်ပုဒ် စပ်ထားတာ ဖြစ်ပါတယ်။ ပုပ်ဖရန်စစ်ရဲ့ ဂျပန်အလည်အပတ်ခရီးအတွက် ရည်စူးပြီး Jun Inoue ဟာ Protect All Life- The Signs of The Times လို့ နာမည်ပေးထားတဲ့ သီချင်းကို ရေးစပ်ထားတာပါ။




ဒီသီချင်းအတွက် ဂီတသံစဉ်တစ်စိတ်တစ်ပိုင်းကို Inoue ကိုယ်တိုင် ဖန်တီးထားတဲ့ Artificial Intelligenc (AI) နည်းပညာအသုံးပြုထားတာ ဖြစ်တယ်လို့ StraitsTimes သတင်းက‌ ဖော်ပြထားပါတယ်။ Arashi လိုမျိုး ထိပ်တန်းတေးဂီတအဖွဲ့အတွက် သီချင်းတွေ ရေးစပ်ပေးနေတဲ့ ဂီတပညာရှင် မစ္စတာ Inoue ဟာ ကတ်သလစ်ဘာသာဝင်ဖြစ်ပြီး AI programme သုံးပြီး သီချင်းရေးတာကို စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း တေးဂီတနဲ့ နည်းပညာသမိုင်းရဲ့ ကူးလူးဆက်သွယ်မှုကြောင့် AI ပရိုဂရမ်ကို သီချင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်တာလို့ လည်း ပြောပါတယ်။ " သီချင်းတစ်ပုဒ် ဖြစ်လာဖို့ ကျွန်တော့်မှာ ရှိသမျှ ပေးရမယ်လို့တွေးမိတယ်။ ဒါကြောင့်ပဲ ဒီသီချင်းမှာ နောက်ဆုံးပေါ် နည်းပညာထည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။" လို့ Inoue က Reuters ကို ပြောပါတယ်။

Photo: cruxnow


Inoue ဟာ သီချင်းရေးရာမှာ Amadeus Code AI ဆီက အကူအညီယူခဲ့တာလို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံ ကတ်သလစ်ဘုန်းတော်ကြီးကွန်ဖရင့်ရဲ့ ညွှန်ကြားမှုနဲ့ ရေးသားခဲ့တဲ့ ဒီသီချင်းကို နာဂါဆာကီနဲ့ တိုကျိုမြို့တွေက လူထုရှေ့မှာ သီဆိုမှာ ဖြစ်သလို တီးလုံးသက်သက်ရော ၊ ကာရာအိုကေဗားရှင်းများနဲ့ပါ ထွက်ရှိမှာပါ။ ပုပ်ရဟန်းမင်းကြီးခရီးစဉ်အတွက် တရားဝင်ဝက်ဘ်ဆိုက်ပေါ် တင်ထားတဲ့ ဗွီဒီယိုမှာ နားမကြားသူတွေအတွက် သီချင်းစာသားတွေကို ဂျပန်လက်အမူအယာပုံစံနဲ့ ဖော်ပြသွားမယ်လို့ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ လွန်ခဲ့တဲ့ ၃၈ နှစ် ပုပ်ပေါဂျွန်ဆင် ၂ ပြီးနောက် ဂျပန်နိုင်ငံကို ဒုတိယမြောက် အလည်အပတ်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး နျူကလီးယား လက်နက်အစီအစဉ်ကန့်ကွက်ဖို့ ဟီရိုရှီးမားကိုပါ လာရောက်မှာ ဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၂၀ ရက်နေ့က ထိုင်းနိုင်ငံကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။



က္က