အွန်လိုင်းငွေပေးစနစ်လည်း ပိတ်ထားပါတယ်

ဂျပန်ကားကုမ္ပဏီကြီးဖြစ်တဲ့ Honda ဟာ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုနဲ့ ကြုံခဲ့ရပြီးနောက် ထုတ်လုပ်ရေးများ ရပ်တန့်ခဲ့ရပြီး ရုံးများလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

Honda ရဲ့ ကမ္ဘာအရပ်ရပ်က လုပ်ငန်းလည်ပတ်မှုတွေကို Ransomware တိုက်ခိုက်ခံခဲ့ရပြီးနောက် ကုမ္ပဏီဟာ အွန်လိုင်းပြန်ဖြစ်နိုင်ဖို့ ကြိုးစားနေပါတယ်။ Honda အနေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ချို့ ယာယီပိတ်ချထားရပြီး ဖောက်သည်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုပိုင်းတွေလည်း ပိတ်ထားရတယ်လို့ အင်္ဂါနေ့က ပြောကြားကြောင်း The Verge သတင်းမှာ ဖော်ပြထားပါတယ်။

Photo: BBC


"ကိုယ်ရေးသတင်းအချက်အလက်တွေ ဆုံးရှုံးသွားတဲ့ အထောက်အထားတော့ လောလောဆယ် မရှိသေးပါဘူး။ စက်ရုံအများစုမှာရှိတဲ့ ထုတ်လုပ်မှုတွေ ပြန်စနေပါတယ်။ လက်ရှိမှာ အိုဟိုင်းယိုးမှာ ရှိတဲ့ ကားနဲ့ အင်ဂျင်အစိတ်အပိုင်းစက်ရုံထုတ်လုပ်မှုတွေ ပြန်လည်ပတ်ဖို့ ကြိုးစားနေပါတယ်။" လို့ Honda မှ ထုတ်ပြန်ပါတယ်။

Honda ကို တိုက်ခိုက်တဲ့ Ransomware ဟာ Snake Ransomware ဖြစ်ပြီး ကုမ္ပဏီရဲ့ ဖိုင်တွေကို ဆိုက်ဘာတိုက်ခိုက်သူဟာ encrypting လုပ် ထိန်းချုပ်ထားပြီးနောက် ပြန်ဖွင့်ပေးစေချင်ရင် ငွေပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ Honda က‌တော့ ဒီတိုက်ခိုက်မှုကို ကုမ္ပဏီရဲ့ အတွင်းပိုင်း အသိပေးစနစ်အတွင်း ပင်မကွန်ပျူတာ Ransomware တိုက်ခိုက်မှုတစ်ခုအဖြစ် ခေါ်ဆိုခဲ့ပါတယ်။

Photo: CNET

Honda ဟာ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ စက်ရုံနဲ့ လုပ်ငန်းတွေ အမြန်ပြန်လည်ပတ်နိုင်ဖို့ ကမ္ဘာတစ်ဝှန်းနဲ့ မြောက်အမေရိကဒေသတွင်းမှ အိုင်တီအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ဒီတိုက်ခိုက်မှုကို ဆက်တိုက်ထိန်းချုပ်နေတယ်လို့ ဆိုပါတယ်။ စက်ရုံတစ်ချို့ကို ပြန်ဖွင့်လှစ်နိုင်ပေမယ့် အွန်လိုင်း ငွေချေစနစ်တွေနဲ့ ကုမ္ပဏီရဲ့ ဖောက်သည် ဝန်ဆောင်မှုဝက်ဘ်ဆိုက်တွေကိုတော့ သုံးလို့ မရသေးဘူးလို့လည်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်တဲ့ Honda ဟာ ယူကေ ၊ မြောက်အမေရိကနဲ့ ဥရောပဒေသများမှ စက်ရုံတွေမှာ ဝန်ထမ်းပေါင်း ၂၂၀၀၀၀ နီးပါး ခန့်အပ်ထားပါတယ်။ လက်ရှိမှာ ယူကေ ၊ မြောက်အမေရိက ၊ တူရကီ ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အီတလီ နဲ့ ဂျပန်တို့မှာ ရှိတဲ့ လုပ်ငန်းလည်ပတ်မှုတစ်ချို့ ရပ်ဆိုင်းထားရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က