ငွေကျပ်သုံးသောင်းပေးသွင်းကာ ကြိုတင် Pre-order မှာယူနိုင်နေပြီလို့သိရပါတယ်။

realme Myanmar ကအသစ်မိတ်ဆက်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး Helio G80 Processor ပါဝင်တဲ့ realme 6i စမတ်ဖုန်းသစ်ကို အခုဆိုရင် ငွေကျပ်သုံးသောင်းပေးသွင်းကာ ကြိုတင် Pre-order မှာယူနိုင်နေပြီလို့သိရပါတယ်။

လက်ရှိအချိန်မှာ RAM 4GB+ROM 128GB version တစ်မျိုးတည်းကိုသာ ကြိုတင်မှာယူနိုင်သေးပြီး ၂၉၉,၉ဝဝ ကျပ်နဲ့မတ်လ ၂၉ရက်မှစတင်ကာ တစ်နိုင်ငံလုံးတွင် စတင်ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။

Pre-order မှာယူသူတွေဟာ realme Brand T-shirt နဲ့ Mini Bluetooth Speaker တို့ပါဝင်တဲ့ Gift-set box ကိုလက်ဆောင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် realme Myanmar Facebook Page အောက်ရှိ Pre-order post အောက်မှာ သက်ဆိုင်ရာ ကြိုတင်မှာယူထားတဲ့ ကဒ်ကို ဓာတ်ပုံရိုက်ပြီး comment အဖြစ်ပြသပါက နောက်ထပ် realme 6i တစ်လုံး ကံထူးနိုင်မယ့်အခွင့်အရေးလည်း ရရှိဦးမှာဖြစ်ပြီး စုစုပေါင်း ကံထူးရှင် ၃ဦးအထိ ရွေးချယ်ပေးသွားမယ်လို့ realme ကကြော်ငြာထားပါတယ်။

RAM 3GB+ROM 64GB version ကိုမူ ဧပြီလအတွင်းမှစတင်ကာ တိုက်ရိုက်ရောင်းချပေးသွားဖို့ စီစဉ်ထားတယ်လို့လည်း သတင်းရရှိပါတယ်။

realme 6i စမတ်ဖုန်းကို Gamer တွေဖြစ်တဲ့ Original Matt ၊ Ingyin နှင့် Kee တို့က လက်တွေ့ စမ်းသပ်ကစားထားကြပြီး သူတို့ရဲ့ Gaming အတွေ့အကြုံကောင်းများကိုပါ ပြန်လည်ဝေမျှ ပေးထားတာကိုလည်း တွေ့ရပါတယ်။

realme 6i နဲ့ပတ်သက်လို့ သူတို့နှစ်သက်သဘောကျတဲ့အချက်တွေကတော့ ကြီးမားတဲ့ ၆.၅ လက်မ မျက်နှာပြင်ပါဝင်ခြင်း၊ စွမ်းဆောင်ရည်မြင့်မားတဲ့ Helio G80 Processor ပါဝင်ခြင်း၊ ဂိမ်းများကိုကြာကြာကစားနိုင်စေမယ့် 5000mAh Battery ပါဝင်ခြင်းနဲ့ အားသွင်းမြန်ဆန်တဲ့ 18W (Type-C Quick Charge) စနစ်တို့ပါဝင်ခြင်းဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

realme 6i မှာ Network Latency အပိုင်းကို အနည်းဆုံးလျှော့ချပေးထားတာကြောင့် အထစ်အငေါ့မရှိတဲ့ Gaming အတွေ့အကြုံကိုလည်း ပိုမိုပေးစွမ်းနိုင်တာတွေ့ရပါတယ်။

ကင်မရာပိုင်းကိုကြည့်မယ်ဆိုရင်လည်း 48MP ပင်မကင်မရာနဲ့ အတူ 8MP Wide-angle Lens၊ 2MP Depth Sensor Lens နှင့် 2MP Ultra Micro Lens တို့ပါဝင်ကာ ရှေ့ဘက် Selfie ကင်မရာ 16MP အရည်အသွေးထိရရှိနိုင်တာကိုတွေ့ရပါတယ်။

Android 10 ကိုအခြေပြုထားတဲ့ realme ရဲ့ကိုယ်ပိုင် UI ကိုလည်း realme 6i မှာ ထိတွေ့အသုံးပြုခွင်ရဦးမှာပါ။

realme 6i ကို Green Tea (အစိမ်းရင့်ရောင်) နဲ့ White Milk (နို့နှစ်အဖြူရောင်)ဆိုပြီး အရောင် ၂မျိုးကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

(ဒီဆောင်းပါးကို realme Myanmar မှပံ့ပိုးကူညီထားပါတယ်)



က္က