realme Buds Air Neo ကို စျေးနှုန်း ၄၉၉ဝဝ ကျပ်၊ realme Band ကို စျေးနှုန်း ၂၉၉ဝဝ ကျပ်နှင့် realme Watch ကို စျေးနှုန်း ၇၉၉ဝဝ ကျပ် တို့ဖြင့်ရောင်းချပေးသွားမှာပါ။
Phyo Min Thant

realme Myanmar က မြန်မာနိုင်ငံအတွက် ပထမဆုံး AIoT Solution အဖြစ် realme Buds Air Neo၊ realme Band နှင့် realme Watch တို့ကို တရားဝင်မိတ်ဆက်ပေးလိုက်ပါပြီ။

စျေးနှုန်းတွေအနေနဲ့ realme Buds Air Neo ကို စျေးနှုန်း ၄၉၉ဝဝ ကျပ်၊ realme Band ကို စျေးနှုန်း ၂၉၉ဝဝ ကျပ်နှင့် realme Watch ကို စျေးနှုန်း ၇၉၉ဝဝ ကျပ် တို့ဖြင့်ရောင်းချပေးသွားမှာပါ။ 

realme Buds Air Neo ကို အဖြူရောင်နဲ့ရရှိနိုင်ပြီး realme Watch အတွက် အနက်ရောင်လက်ပတ်ကြိုးကို Standard အဖြစ်ဝယ်ယူနိုင်ကာ သီးသန့်ကြိုးအပိုအဖြစ် အနီရောင်၊ အပြာရောင်နှင့် စစ်စိမ်းရောင် ၃မျိုးကို တစ်ကြိုးလျှင် ၁ဝဝဝဝ ကျပ်နှုန်းဖြင့် ယခု ဇွန်လ ၂၇ ရက်မှစတင်ကာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ realme Band အတွက်လည်း အနက်ရောင်နှင့် စစ်စိမ်းရောင် လက်ပတ်ကြိုးတို့ကို ဝယ်ယူနိုင်မှာ ဖြစ်ပြီး လာမည့် ဇူလိုင်လဆန်းပိုင်းမှ ရောင်းချပေးသွားဖို့ စီစဉ်ထားကြောင်း realme ကထုတ်ပြန်ထားပါတယ်။

realme Buds Air Neo မှာ အသံထွက်ကောင်းမွန်စေတဲ့ 13mm Dynamic Base Boost Driver ကိုအသုံးပြုပေးထားတာကြောင့် ကောင်းမွန်သည့်အသံအရည်အသွေးကို ရရှိစေမည့်အပြင် ဂိမ်းကစားရာတွင် အဓိကကျသည့် Super Low Latency စနစ်ကြောင့် အသံနှင့်ရုပ်ထပ်တူကျမှုကို အကောင်းဆုံး ခံစားရစေမှာပါ။ Charging Port မှာ ထည့်သွင်းအသုံးပြုပါက ဘက်ထရီက ၁ရနာရီအထိ အသုံးခံပြီး Single Playback အတွက် အသံအတိုးအကျယ်ပေါ်မူတည်ကာ ၂နာရီမှ ၃နာရီအထိ အသုံးပြုနိုင်ပါတယ်။ အားသွင်းပေါက်ကို micro USB ဖြင့်ပြောင်းလဲအသုံးပြုပေးထားပြီး Build Quality အတွက် ယခင် Buds Air အတိုင်းဖန်တီးထုတ်လုပ် ပေးထားတာကိုတွေ့ရပါတယ်။ 

realme Band ကတော့ ကိုယ်လက်လှုပ်ရှားကျန်းမာရေးလိုက်စားသူများအတွက် အထူးကိုက်ညီမှုရှိပြီး ၂၄နာရီ၊ ရရက်ပတ်လုံး စောင့်ကြည့်တိုင်းတာပေးမည့် real-time Heart Rate Sensor ကြောင့် မိမိနှလုံးခုန်မှုကို ကောင်းမွန်စွာစောင့်ကြည့်တိုင်းတာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အားကစားလှုပ်ရှားမှုများအ တွက် မတူညီသည့် အားကကစားလှုပ်ရှားမှု ၉မျိုးအထိ ရယူအသုံးပြုနိုင်သလို ရေသောက်နည်းခြင်း၊ အထိုင်များခြင်းတို့ အတွက်လည်း စောင့်ကြည့်သတိပေးမှုစနစ်များ ပါဝင်ပါတယ်။ မျက်နှာပြင်မှာ 2.4 cm အထိကျယ်ပြန့်ပြီး One Touch စနစ်ဖြင့် လွယ်ကူရိုးရှင်းစွာထိန်းချုပ်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ မျက်နှာပြင် Dial Plate ၅မျိုးတစ်ပါတည်းပါဝင်ပြီး နောက်ပိုင်းမှာ ပိုမိုဆန်းသစ်တဲ့ Dial Plate များကို OTA မှတစ်ဆင့် Update လုပ် ထပ်တိုးပေးသွားမယ်လို့လည်း သိရပါတယ်။ 

realme Watch မှာ ပိုကောင်းတဲ့ ကျန်းမာရေးဆိုင်ရာတိုင်းထွာမှုစနစ်များနှင့်အတူ ပိုမို များပြားသည့် အားကစားလှုပ်ရှားမှု ၁၄ မျိုးအထိ ရယူအသုံးပြုနိုင်မှာဖြစ်ပြီး Corning Gorilla Glass 3 ဖြင့် ဖုန်းအုပ်ပေးထားတဲ့ 1.4-inch မျက်နှာပြင်က Day Time အချိန်တွင်ပါ ကြည်လင်ပြတ်သားသည့် ရုပ်ထွက်ကို ပြသပေးနိုင်ပါတယ်။ ၂၄နာရီ၊ ရရက်ပတ်လုံးစောင့်ကြည့်တိုင်းတာပေးမည့် real-time Heart Rate Sensor အပြင် သွေးအတွင်းမှ အောက်ဆီဂျင်ပမာဏကိုပါတိုင်းထွာပေးမည့် SpO2 sensor ကိုပါတိုးမြှင့် အသုံးပြုပေးထားပါတယ်။ Smart ကျကျအသုံးပြုနိုင်ဖို့အတွက် realme Watch မှတစ်ဆင့် သီချင်းဖွင့်ခြင်း၊ ပိတ်ခြင်း၊ အသံအတိုးအကျယ်တို့အပြင် ဓာတ်ပုံရိုက်ကူးမှုများကိုပါ One Touch အဖြစ်ထိန်းချုပ် အသုံးပြုနိုင်တာကိုလည်း တွေ့ရပါတယ်။ 

ဒါ့အပြင် Sleep Monitor စနစ်က မိမိ၏အိပ်စက်မှုပုံစံများကို သေချာကျနစွာမှတ်သားစောင့်ကြည့်ပေးမှာဖြစ်ပြီး မည်သည့်အချိန်မှ မည်သည့်အချိန်ထိအိပ်စက်ခဲ့သလဲ၊ အိပ်ပျော်ရန်ကြိုးစားသည့်ကြာချိန်၊ စတင်အိပ်ပျော် ချိန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သည့်အချိန်၊ ကြားတွင် အိပ်မပျော်ဘဲ နိုးနေသည့်အချိန် စသည်တို့ကို ဖော်ပြပေးနိုင်ပါတယ်။ 

နာရီမျက်နှာပြင်ဒီဇိုင်းအတွက် ကနဦးတွင် ၁၂မျိုးအထိ အသုံးပြုနိုင်ပြီး realme Link app ဖြင့် ၆မျိုးစီ ရွေးချယ်ကာ realme Watch မှတစ်ဆင့် အလွယ်တကူပြောင်းလဲအသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာလည်း OTA Update မှတစ်ဆင့် နာရီမျက်နှာပြင်ဒီဇိုင်းပေါင်း ၁ဝဝ ကျော်ကိုလည်း ထုတ်ပေးသွားမှာဖြစ်ပါတယ်။ battery သက်တမ်းမှာ မိမိအသုံးပြုမှုအပေါ်မူတည်ကာ ၅ရက်မှ ၆ရက်အထိကြာရှည်ခံပါတယ်။ realme AIoT ထုတ်ကုန်များအတွက် realme Link App ကို Google Play မှ ရယူကာ မိမိ၏ Android ဖုန်းနှင့် လွယ်ကူရိုးရှင်းစွာချိတ်ဆက်အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ 

(ဒီသတင်းကို realme Myanmar မှပံ့ပိုးကူညီထားပါတယ်)


Author


က္က