အိန္ဒိယနည်းပညာကဏ္ဍရဲ့ အကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုပါ

ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ အိန္ဒိယရဲ့ အကြီးဆုံး တယ်လီကွန်းအော်ပရေတာတစ်ခု ဖြစ်တဲ့ Reliance Jio ရဲ့ ရှယ်ယာ ၉.၉၉% ဝယ်ယူလိုက်တယ်လို့ ဆိုပါတယ်။

Facebook ဟာ Reliance Industries လက်အောက်ခံ တယ်လီကွန်းလုပ်ငန်း Reliance Jio မှာ ဒေါ်လာ ၅.၇ ဘီလျံ ( ရူပီး ၄၃၅၇၄ ကုဋေ) ရင်းနှီးမြှပ်နှံလိုက်တာ ဖြစ်တယ်လို့ MoneyControl သတင်းက ဖော်ပြထားပါတယ်။ အိန္ဒိယအချမ်းသာဆုံးသူဌေး မူးကတ်အမ်ဘာနီပိုင် Reliance Jio ဟာ Subscriber ၃၈၈ သန်း ကျော် ရှိထားတဲ့ တယ်လီကွန်း ဖြစ်ပြီး လုပ်ငန်းတန်ဖိုး ဒေါ်လာ ၆၅.၈၅ ဘီလျံ သတ်မှတ်ပြီး အရောင်းအဝယ် လုပ်ခဲ့တာပါ။




Photo: Tech Crunch

"Reliance Industries Limited ၊ Jio Platforms Limited နဲ့ Facebook တို့ဟာ ဒီနေ့မှာပဲ Jio Platforms ပေါ် Facebook မှ ရူပီး ၄၃၅၇၄ ကုဋေ ရင်းနှီးမြှပ်နှံကြောင်း ပူးပေါင်းသဘောတူညီချက်မှာ လက်မှတ်ရေးထိုးကြောင်း ကြေညာလိုက်ပါတယ်။" လို့ Reliance Industries က သတင်းထုတ်ပြန်ပါတယ်။

Reliance Industries ရဲ့ အဆိုအရ ဒီရင်းနှီးမြှပ်နှံမှုဟာ အိန္ဒိယနည်းပညာကဏ္ဍမှာ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရင်းနှီးမြှပ်နှံမှုကြောင့် Reliance Jio ပလက်ဖောင်းဟာ ဈေးကွက်တန်ဖိုးအရ အိန္ဒိယရဲ့ အကြီးဆုံး ထိပ်တန်းကုမ္ပဏီ ၅ ခုမှာ အပါအဝင် ဖြစ်လာတယ်လို့ သတင်းထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

Facebook ဟာ ကုမ္ပဏီပိုင် WhatsApp နဲ့ Reliance ရဲ့ e-Commerce လုပ်ငန်းစု ဖြစ်တဲ့ JioMart တို့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းများ ၊ ဈေးဆိုင်နဲ့ ထုတ်ကုန်ဝယ်ယူမှုများ ချိတ်ဆက်ပေးဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ WhatsApp Pay ဟာ အိန္ဒိယနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်ဖို့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရရှိထားပါတယ်။

Photo: Malay Mail


JioMart နဲ့ WhatsApp တို့ဟာ မကြာမီအချိန်အတွင်း အိန္ဒိယ Kirana ဆိုင်ငယ်ပေါင်း သန်း ၃၀ နီးပါးကို အနီးအနားက ဖောက်သည်တွေနဲ့ ဒီဂျစ်တယ်ကူးလူးဆက်ဆံမှု ပေးသွားမှာ ဖြစ်ပြီး အော်ဒါမှာယူ/ပေးပို့မှုတွေကို နေ့ချင်းပြီး မြန်မြန်ဆန်ဆန် ပေးပို့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Reliance Jio နဲ့ ပူးပေါင်းမှုကနေ အသေးစား နဲ့ အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း သန်း ၆၀ ၊ လယ်သမား သန်း ၁၂၀ နဲ့ ကုန်သည်အသေးစား သန်း ၃၀ တို့အတွက် ဒီဂျစ်တယ်အခြေပြု Solutions တွေ ထုတ်ပေးသွားဖို့လည်း မျှော်လင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က