ကုမ္ပဏီ နှစ် ၁၁၀ ပြည့်မှာ ဒုတိယမြောက်ကလေးစီးကား ပြန်မိတ်ဆက်တာပါ

၁၉၀၉ ခုနှစ်ကတည်းက luxury ကားတွေ ထုတ်လာတဲ့ Bugatti ဟာ ဒီတစ်ခါမှာ တန်ဖိုးကြီး ကလေးစီးကားတစ်မျိုးပါ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

         ပြင်သစ်ကားကုမ္ပဏီ Bugatti ဟာက နာမည်ကျော် Bugatti Baby ဆိုတဲ့ ကားတစ်မျိုးကို မိတ်ဆက်ခဲ့ဖူးပါတယ။် ၁၉၂၇ ကနေ ၁၉၃၆ ခုနှစ်အထိ ၉ နှစ်အတွင်း Bugatti Baby ကားပေါင်း ၅၀၀ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Bugatti Baby ဟာ Bugatti ကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့ Ettore Bugatti ရဲ့ သားဖြစ်တဲ့ ၄ နှစ်အရွယ် ရိုလန်လေးအတွက် လက်ဆောင်အဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo: CNET



         ကုမ္ပဏီတည်ထောင်ခြင်း နှစ် ၁၁၀ ပြည့်ချိန်မှာ Bugatti Baby ကို ဒုတိယမျိုးဆက်အနေနဲ့Bugatti Baby II အဖြစ် ပြန်ထုတ်လိုက်တာပါ။ ကလေးတွေ အတွက် အထူးထုတ်ထားတဲ့ ကားဖြစ်လို့dirving mode ကလည်း ကလေးတွေနဲ့လိုက်ဖက်တဲ့ ပုံစံပြောင်းထားပြီး လျှပ်စစ်စွမ်းအင်သုံး ကားတစ်စင်းအဖြစ် ထွက်လာတာ ဖြစ်ပါတယ်။

         Bugatti Baby II ဟာ ဖြုတ်လဲလို့ရမယ့် လစ်သီယံအိုင်ယွန်ဘက်ထရီနဲ့လာပြီး ဘရိတ်စနစ်နဲ့ဆလစ်ဖြစ်ပြီး ချော်နိုင်ခြေတွေကို ပြုပြင် အဆင့်မြင့်တင်ထားတာပါ။ ကားအမြန်အနှုန်းအနေနဲ့Child Mode မှာ တစ်နာရီ ၁၂.၄ မိုင်အထိပဲ ကန့်သတ်ထားပြီး Adault Mode မှာ ၂၈ မိုင်နှုန်းအထိ မောင်းနှင်နိုင်မယ်လို့ဆိုပါတယ်။ ထူးခြားတာက Speed Key ဟာ 10KW ouput ထိ မြှင့်နိုင်သလို မြန်နှုန်းကန့်သတ်ထားတဲ့ speed limiter ကို လုံးဝဖြုတ်နိုင်မယ်လို့ဆိုပါတယ်။

Photo: Bugatti

         ဒက်ရှ်ဘုတ်ကို အလူမီနီယံနဲ့လုပ်ထားပြီး ထိုင်ခုံကတော့ လယ်သာသားရေအစစ် သုံးထားပါတယ်။ ကားဟာ ကိုယ့်အကြိုက် ပုံစံပြောင်းနိုင်တဲ့ ကိရိယာတစ်ချို့ပါဝင်ပါတယ်။ အရင် Bugatti Baby လိုပဲ စုစုပေါင်း ကားအစင်းရေ ၅၀၀ ပဲ ထုတ်သွားမှာ ဖြစ်ပြီး ထုတ်လုပ်မှုကိုတော့ ဒီနှစ်ဆောင်းပိုင်းမှာ စတင်သွားမှာပါ။ လောလောဆယ် ပြသထားတာကတော့ အပြာရင့်ကာလာတစ်မျိုးပဲ ရှိပြီးကိုယ်ကြိုက်တဲ့ ကာလာနဲ့မှာယူနိုင်မယ်လို့ဆိုပါတယ်။

         Bugatti အနေနဲ့ဒီကားကို ယူရို ၃ သောင်း (မြန်မာငွေ သိန်း ၅၀၀ ကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့Bugatti ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က