သတိပြန်မရသေးဘူးလို့ဆိုပါတယ်။
Nyein Min Wai

ဆိုးလ်မြို့တောင်ပိုင်း ဆူဝန်မှာရှိတဲ့ Samsung ရဲ့ semiconductor စက်ရုံ ဂတ်စ်ယိုစိမ့်မှုကြောင့် အသက် ၂၄ နှစ်အရွယ် အလုပ်သမား ၁ ဦး သေဆုံးခဲ့ပါတယ်။

Andreas-Perez_d_d.jpg

Photo: mid-day

 

သတင်းထုတ်ပြန်ချက်မှာတော့ မီးသတ်ပစ္စည်းများ ထားရှိရာ မြေအောက်ခန်းထဲမှာ လူ၃ ဦး သတိလစ်လျက်သား တွေ့ခဲ့တယ်လို့ဆိုပါတယ်။ အခန်းထဲမှာ ရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ယိုစိမ့်မှုကြောင့် Lee လို့ခေါ်တဲ့ ဝန်ထမ်း သေဆုံးခဲ့ပြီး အသက် ၂၆ နှစ်နဲ့၅၄နှစ်အရွယ် ဝန်ထမ်းနှစ်ဦး သတိမေ့မျောခဲ့တာပါ။

သတိလစ်နေသူ ၂ ဦးကို ဆေးရုံတင်ထားပြီး လက်ရှိအချိန်အထိ သတိမလည်လာသေးဘူးလို့လည်း ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် Samsung ဝန်ထမ်းများနဲ့အခြားသူများကို စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေပါတယ်။

"ကျွန်တော်တို့ကတော့ ဒါဟာ မီးသတ်ဖို့သုံးတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ယိုစိမ့်နေတာကို ရှုမိပြီး သေသွားရတာလို့ယုံကြည်ထားပါတယ်။" လို့Samsung က ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ထိပ်တန်း chip maker ကြီး တစ်ခု ဖြစ်တဲ့ Samsung စက်ရုံမှာ အလုပ်လုပ်ရင်း ကာဗွန်ဒိုင်အောက်ဆိုက်ငွေ့ရှုမိပြီး လူသေတဲ့ အဖြစ်ဟာ ၂၀၁၄ ခုနှစ်ကလည်း ကြုံတွေ့ခဲ့ပါတယ်။  စက်ရုံများမှာ အသက်အန္တရာယ် ကင်းရှင်းရေးကို တိုးမြှင့်သတိပြုဖို့လည်း သတင်းများက ဖော်ပြနေပါတယ်။

samsung_625x300_1530173979717.jpg

Photo: Money Control

 

ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာလည်း တောင်ကိုရီးယားထိပ်တန်း စတီးကုမ္ပဏီ Posco ရဲ့ စတီးစက်ရုံတစ်ခုမှာ အဆိပ်သင့်ဂတ်စ်များကြောင့် အလုပ်သမားး ၄ ဦး သေဆုံးခဲ့ရပါတယ်။ အလားတူ ၂၀၁၇ သြဂုတ်လကလည်း ချန်ဝမ်မှ သဘောၤကျင်းတစ်ခုမှာ ဆောက်လုပ်ရေးဝင်နေစဉ် အတွင်း လောင်စာကန် ပေါက်ကွဲပြီး ဝန်ထမ်း ၄ ဦး သေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။


က္က