Samsung ဟာ အိန္ဒိယမှာ စတိုးပေါင်း ၂၁၀၀ ဖွင့်လှစ်ထားပါတယ်။
Nyein Min Wai

ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက် အိန္ဒိယမှာ Samsung ဟာ ကုမ္ပဏီရဲ့ အကြီးဆုံး မိုဘိုင်းလ်စတိုးဆိုင်ကို ဖွင့်လှစ်လိုက်ပါတယ်။

gsmarena_003.jpg

Photo: GSMArena

 

ဘန်ဂလာရူမှာ ဖွင့်လှစ်ခဲ့တဲ့ ဒီစတိုးဟာ စတုရန်းမီတာ ၃ထောင်ကျယ်ဝန်းပြီး Samsung ထုတ်ကုန်မျိုးစုံကို ပြသရောင်းချသွားမယ်လို့ဆိုပါတယ်။ ဗြိတိသျှခေတ်မှာ တည်ဆောက်ခဲ့တဲ့ Opera House ဆိုတဲ့ အဆောက်အဦကို နှစ်နှစ်တာကြာ ပြန်လည်မွမ်းမံ တည်ဆောက်ပြီးနောက် Samsung Opera House စင်တာအနေနဲ့ပြန်ဖွင့်ခဲ့တာပါ။

ဒီမိုဘိုင်းလ်စတိုးမှာ စမတ်ဖုန်း ၊ တက်ဘလက် ၊ TV  နဲ့နားကြပ်လိုမျိုး ပစ္စည်းတွေအပြင် အခြား အီလက်ထရောနစ် ထုတ်ကုန်မျိုးစုံကို ပြသရောင်းချသွားမှာ ဖြစ်ပြီး VR Zone မှာတော့ Galaxy VR devices များ ပြသသွားမှာ ဖြစ်ပါတယ်။ ပင်မ theater ဇုံမှာတော့ ဆိုင်လာတဲ့ ဖောက်သည်များကို ရုပ်ရှင်များနဲ့အတူ မီးဖိုချောင်သုံး ပစ္စည်း သုံးစွဲပုံ ဗွီယိုများလည်း ပြသနေမှာပါ။

"အိန္ဒိယဟာ အလွန့်ကို အရေးပါတဲ့ ဈေးကွက်တစ်ခုပါ။ " လို့Samsung India ရဲ့ မိုဘိုင်းစီးပွားရေး အကြီးတန် ဒုဥက္ကဌ မိုဟန်ဒက် ဆင်းဂ်က ဆိုပါတယ်။ Samsung အနေနဲ့အိန္ဒိယရဲ့ ထိပ်တန်း ၁၀ မြို့မှာ နောက်ထပ် စတိုးဆိုင်များလည်း ထပ်ဖွင့်ထားဖို့စီစဉ်နေပါတယ်။

Samsung အနေနဲ့အိန္ဒိယမှာ ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီနေရာကနေ သွေဖီမသွားဖို့ငွေကြေးအမြောက်အများ ရင်းနှီးမြှပ်နှံထားတယ်လို့ဆိုပါတယ်။ လက်ရှိမှာ Samsung ဟာ အိန္ဒိယမှာ စတိုးဆိုင်ပေါင်း ၂၁၀၀ ဖွင့်လှစ်လည်ပတ်နေပြီး ဈေးကွက်ကို မြှင့်တင်ဖို့ကြိုးပမ်းနေတာပါ။ Samsung ရဲ့ ပြိုင်ဘက် Apple ကတော့ အခုချိန်အထိ အိန္ဒိယမှာ flagship store ရယ်လို့မဖွင့်ရသေးပါဘူး။

gsmarena_002.jpg

Photo: GSMArena

 

ပြီးခဲ့တဲ့ ၂ လခန့်ကပဲ Samsung ဟာ အိန္ဒိယမှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းစက်ရုံကြီးတစ်ရုံကို တည်ဆောက်ထားပါတယ်။ ယခု စင်တာကတော့ startups များ ငွေကြေးရင်းနှီးမြှပ်နှံသူများအတွက် ဆုံမှတ်တစ်ခုအဖြစ်ပါ ရည်ရွယ်ပြီး ပုံဖော်သွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က