အရင်နှစ်ကလည်း ဒေါ်လာ သန်း ၆၈၀ ကျော်် ဒဏ်ကြေးပေးခဲ့ရပါတယ်

OLED display မှာယူမှုနဲ့ ပတ်သက်ပြီး Apple ဟာ ကုမ္ပဏီရဲ့ supplier ဖြစ်တဲ့ Samsung ကို ဒေါ်လာ ၁ ဘီလျံနီးပါး လျော်ကြေးပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

Apple ဟာ ကတိအတိုင်း မှာယူထားတဲ့ OLED display မဝယ်တာကြောင့် Samsung ကို ဒေါ်လာ ၁ ဘီလျံနီးပါး ဒဏ်ကြေးအဖြစ် ပေးရတာ ဖြစ်ပါတယ်။ အစောပိုင်း TheElec သတင်းအရ Apple ဟာ လျာထားချက်ပြည့်မီအောင် OLED dispaly မှာယူမှု မလုပ်ခဲ့တာကြောင့် Samsung ကို ဒေါ်လာ ၇၄၅ သန်း ပေးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ 



Photo: Bloomberg

Display Supply Chain Consultants (DSCC) က လာတဲ့ သတင်းအရ Apple ဟာ Samsung ကို တစ်လုံးတည်း ဒေါ်လာသန်း ၉၅၀ အထိ ဒဏ်ကြေး‌ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ Samsung ဟာ ဒုတိယသုံးလပတ် ဝင်ငွေရလဒ်ရှင်းတမ်းမှာ လုပ်ငန်းလည်ပတ်ငွေအဖြစ် စမတ်ဖုန်းစီးပွားရေးနဲ့ ဆက်စပ်ပြီး တစ်ခါတည်းအပြတ်ရ ဝင်ငွေလည်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

" Apple ဆီက အခုလို ရလိုက်တာဟာ display ပိုင်း လုပ်ငန်းလည်ပတ်မှု အရှုံးပြတာကနေ အမြတ်အဖြစ် ပြောင်းသွားစေတာပါပဲ" လို့ DSCC သတင်းမှာ ဆိုပါတယ်။ Samsung Display ဟာ နှစ်အလိုက်ဝင်ငွေ ၇% ကျဆင်းခဲ့ပေမယ့် အမြတ်ရလဒ်ကတော့ ၂၃% အထိ တက်လာတယ်လို့ လည်း ဆိုပါတယ်။ 

Apple ဟာ အရင် ၂၀၁၉ ဒုတိယသုံးလပတ်မှာလည်း Samsung ထုတ် OLED display တွေကို သဘောတူထားတဲ့အတိုင်း မဝယ်ခဲ့မှုကြောင့် ဒဏ်ကြေးပေးခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင်လထဲမှာပဲ Apple ဟာ ကတိပြုထားတဲ့အတိုင်း OLED panel မဝယ်နိုင်တာကြောင့် Samsung ကို ဒဏ်ကြေး ဒေါ်လာ ၆၈၄ သန်း ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

iPhone 12 ခန့်မှန်း ဒီဇိုင်း(Photo: Forbes)


ဒီနှစ်ထဲမှာ ခန့်မှန်းထားတဲ့အတိုင်း iPhone အတွက် OLED Panel တွေ မဝယ်ဖြစ်တဲ့အထဲမှာ COVID-19 အတွင်း iPhone ဝယ်လိုအားကျဆင်းမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Apple ဟာ လာမယ့် iPhone 12 စီးရီးမှာ မော်ဒယ် ၄ မျိုး ထုတ်ဖို့ ပြင်နေပြီး ဖုန်းသစ်အားလုံးမှာ OLED display သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။

Samsung ဟာ Apple ရဲ့ အကြီးဆုံး OLED panel supplier ဖြစ်ခဲ့ပြီး OLED display ကို ပထမဆုံး သုံးလာတဲ့ iPhone X မှာကတည်းက OLED panel တွေ ထုတ်ပေးနေတာပါ။ iPhone 12 စီးရီးမှာတော့ Apple ဟာ Samsung Display အစား တရုတ် display ကုမ္ပဏီ BOE Tech မှ အများဆုံး မှာယူသွားဖို့လည်း ရှိနေပါတယ်။ 

Share

Loading Next Article...
က္က