အမေရိကန်မှာ စတင်မိတ်ဆက်မှာပါ
Nyein Min Wai

Samsung ဟာ ဒီ‌နွေရာသီမှာ Samsung Pay Debit Card သစ်တစ်မျိုးကို ဖြန့်ချိသွားမယ်လို့ ကြေညာပါတယ်။

မြောက်အမေရိက Samsung Pay အထွေထွေမန်နေဂျာနဲ့ ဒုဥက္ကဌဖြစ်သူ ဆောင်အန်းရဲ့post ကို ကိုးကားပြီး Android Central သတင်းက ဖော်ပြခဲ့တာပါ။ Samsung Pay ဝန်ဆောင်မှုကို တိုးချဲ့ဖို့ debit card တစ်ခုနဲ့ ငွေကြေးစီမံတဲ့ အကောင့်တစ်ခု ပါဝင်တဲ့ ဝန်ဆောင်မှုတွေ ထပ်ဖြည့်ဖို့ စီစဉ်နေတာပါ။ 


Photo: easybranches

Samsung ဟာ card နဲ့ အကောင့်သစ် အစီအစဉ်အတွက် Personal Finance ကုမ္ပဏီတစ်ခု ဖြစ်တဲ့ SoFi နဲ့ မိတ်ဖက်ပြု ပူးပေါင်းနေတာ ဖြစ်ပါတယ်။ Samsung Pay ရဲ့ Debit Card နဲ့ အကောင့်ဟာ ဒီနွေရာသီမှာ အမေရိကန်ဈေးကွက်ထဲ ရောက်လာဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ Samsung Pay အထွေထွေမန်နေဂျာ ဆောင်အန်းကတော့ ကုမ္ပဏီဟာ မိုဘိုင်းဦးစားပေး ငွေကြေးစီမံခန့်ခွဲမှု ပလက်ဖောင်းတစ်ခုလည်း တီထွင်နေတယ်လို့ ပြောပါတယ်။

ငွေကြေးစီမံမှု ပလက်ဖောင်းနဲ့ ထွက်လာမယ့် debit card တွေမှာ ပါဝင်မယ့် features တွေအကြောင်း အသေးစိတ် အချက်အလက်တော့ မသိရသေးပါဘူး။ ဆောင်အန်းကတော့ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ကုမ္ပဏီဘက်ကနေ အသေးစိတ်အချက်အလက်တွေ မျှဝေသွားမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ ပြိုင်ဘက် Apple ဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ Goldman Sachs နဲ့ ပေါင်းပြီး Apple Card နာမည်နဲ့ credit card တစ်ခု ထုတ်ခဲ့ပါတယ်။

Photo: Sup.news


Apple Card ဟာ ပိုက်ဆံအိတ်ထဲ ထည့်နိုင်တဲ့ တိုက်တေနီယံကဒ်လည်း ဖြစ်သလို iPhone နဲ့ Apple Watch တို့မှာ ပါတဲ့ Apple Pay ကနေ တစ်ဆင့် ဒီဂျစ်တယ်ကဒ်တစ်ခုလိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apple Card အသုံးစရိတ်ကိုတော့ iOS ထုတ်ကုန်တွေမှာ ပါတဲ့ Wallet app ကနေ ပြန်ကြည့်နိုင်မှာပါ။နာမည်ကြီး နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Google ကလည်း ကိုယ်ပိုင် brand နဲ့ payment card တစ်ခု ထုတ်ဖို့ လုပ်နေပါတယ်။

Samsung Pay နဲ့ Google Pay တို့ဟာ ဒီနှစ်ထဲ သုံးစွဲသူ သန်း ၁၀၀ အထိ ရှိလာဖို့ မျှော်မှန်းထားပြီး Apple Pay ကတော့ သုံးစွဲ ၂၂၇ သန်းခန့် ရှိမယ်လို့ Statista က ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က