Huawei Mate 40 Pro မှာ Samsung နဲ့ LG display တွေ သုံးဖို့ ရှိပါတယ်
Nyein Min Wai

အမေရိကန်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် Huawei ဟာ တောင်ကိုရီးယားမှ display supplier နှစ်ဦးဖြစ်တဲ့ Samsung Display နဲ့ LG Display တို့ဆီမှ ပစ္စည်းမှာယူမှု ပိတ်ခံရဖို့ ရှိပါတယ်။

Samsung နဲ့ LG တို့ဟာ Huawei အတွက် panel သွင်းမှု ရပ်ဆိုင်းတော့မယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာ သက်ရောက်မှု ရှိမယ့် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ကန့်သတ်ပိတ်ပင်မှုကြောင့် အခုလို Supply အသွင်း ရပ်ဆိုင်းတာ ဖြစ်ပါတယ်။ 

Photo: Nasdaq

display မောင်းနှင်ဖို့ သုံးတဲ့ chips ဟာ အမေရိကန်ရဲ့ ဆန်ရှင်နဲ့ ငြိစွန်းနေတာကြောင့် တင်ပို့ခွင့် ပိတ်လိုက်တာပါ။ မကြာသေးခင်ကလည်း TSMC ဟာ Huawei ဆီက chip အမှာစာတွေ ဆက်ပြီး လက်မခံတော့ဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ Chosun Biz သတင်းအရ Huawei ဟာ Samsung နဲ့ LG တို့ဆီက display မှာယူမှု များများစားစား လုပ်မထားဘူးလို့ ဆိုပါတယ်။

ဒီတောင်ကိုရီးယားကုမ္ပဏီနှစ်ခုဟာ Huawei flagship ဖုန်းတွေအတွက် key supplier တွေ ဖြစ်ကြပါတယ်လို့ ဆိုပါတယ်။ Huawei ရဲ့ အသစ်ထွက်လာမယ့် Mate 40 Pro မှာ တရုတ်မှ BOE ၊ Samsung နဲ့ LG Display တို့ဆီက ပစ္စည်းမှာယူသွားမှာပါ။ Huawei Mate 40 အတွက် display အားလုံးကိုတော့ BOE ရဲ့ panel တွေပဲ သုံးသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ အမေရိကန်အစိုးရဟာ Huawei ‌ပေါ် ထပ်မံတင်းကြပ်မှုတွေ လုပ်ခဲ့ပါတယ်။ အထူးလိုင်စင်မပါဘဲ အမေရိကန်နည်းပညာသုံး chips များ Huawei ကို ရောင်းချခွင့် ပိတ်ပင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လထဲမှာ အမေရိကန်စီးပွားကူးသန်းဌာနဟာ ၂၁ နိုင်ငံမှာ ရှိတဲ့ Huawei ရဲ့ မိတ်ဖက် ကုမ္ပဏီ ၃၈ ခုကို ပိတ်ပင်မှု လုပ်ထားပါတယ်။


Author


က္က