Facebook ပိုင် Messaging apps တွေဟာ တစ်ခုတည်း ဖြစ်လာဖို့ရှိပါတယ်။
Nyein Min Wai

အရင်းနှီးဆုံး သူငယ်ချင်းတွေနဲ့သတင်းအချက်အလက် ပိုမို မျှဝေနိုင်ဖို့ရည်ရွယ်ပြီး Facebook ဟာ Messaging app သစ်တစ်ခုကို ရေးဆွဲနေတယ်လို့ဆိုပါတယ်။


Instagram နဲ့မိတ်ဘက် app အဖြစ် ဒီဇိုင်းဆွဲထားတဲ့ ဒီ app ကို Threads လို့နာမည်ပေးသွားဖို့ရှိတယ်လို့ The Verge သတင်းက ရေးသားဖော်ပြထားပါတယ်။ Threads ဟာ Instagram ပေါ်က ကိုယ့်ရဲ့ close friends စာရင်းကို ပြန် share သုံးဖို့ဒီဇိုင်းဆွဲထားတာပါ။

Photo: The Verge

Threads ဟာ Instagram ရဲ့ toos တွေ သုံးပြီး စာရိုက်တာ ၊ ဓါတ်ပုံနဲ့ဗွီဒီယိုမက်ဆေ့ချ်တွေ ပေးပို့တာအပြင် သူငယ်ချင်းတွေနဲ့ဘက်ထရီသက်တမ်း ၊ အမြန်နှုန်းနဲ့သူတို့ရဲ့ တည်နေရာကိုပါ အလိုအလျောက် Share နိုင်ဖို့သုံးစွဲသူတွေကို ဖိတ်ခေါ်နိုင်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ Threads app ကို Facebook ကုမ္ပဏီအတွင်းမှာပဲ စမ်းသပ်နေတယ်လို့လည်း The Verge က ဖော်ပြထားပြီး Instagram နဲ့Facebook တို့ကတော့ မှတ်ချက်ပြုပြောကြားဖို့ငြင်းဆန်ထားပါတယ်။

ယခုနှစ် မေလထဲမှာ Instagram ဟာ Snapchat လိုမျိုး Camera-First app ဖြစ်တဲ့ Direct ဆိုတဲ့ standalone စာပို့app တစ်ခုကို ဖန်တီးမှု ရပ်ဆိုင်းခဲ့ပါတယ်။ Direct ဟာ ၂၀၁၇ နောက်ပိုင်းက စပြီး ရေးဆွဲခဲ့တဲ့ စာပို့အက်ပလီကေးရှင်း ဖြစ်ပြီး Instagram နဲ့ချိတ်ဆက်မထားတာကြောင့် စာပို့မယ်ဆိုရင် သီးသန့်Direct app ဖွင့်ပြီး သုံးရတာ ဖြစ်လို့အဆင်မပြေဖြစ်ခဲ့ပါတယ်။

Photo: Engadget

ချီလီ ၊ အစ္စရေး ၊ အီတလီ ၊ ပေါ်တူဂီ ၊ တူရကီ နဲ့ဥရုဂွေးတို့မှာ စမ်းသပ်ခဲ့တဲ့ Direct ကျရှုံးပြီးနောက် apps တွေ Switch လုပ်ပြီး ပြောင်းစရာမလိုတဲ့ Threads ကို ရေးဆွဲစမ်းသပ်နေတာပါ။

Facebook ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ WhatsApp ၊ Messenger နဲ့Instagram တို့ကို တစ်ခုတည်း စာပို့ပလက်ဖောင်းအဖြစ် ပေါင်းစည်းမယ့် ဝန်ဆောင်မှုတွေအကြောင်း ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဒီ app တွေဟာ ကိုုယ်ပိုင်ပလက်ဖောင်းနဲ့သီးသန့်သွားနေတာ ဖြစ်ပေမယ့် တစ်ချိန်ချိန်မှာ Messaging platform တစ်ခုတည်းအောက်မှာ ရောက်လာဖို့ရှိပါတယ်။


က္က