တရုတ်နိုင်ငံကို နှစ်ပတ်ကြာ လေ့လာရေး သွားရမှာပါ။

၂၀၁၇ ခုနှစ်ကနေ စတင်ခဲ့တဲ့ Huawei ရဲ့ Seeds for The Future အစီအစဉ်ကနေ ဒီနှစ်နဲ့ဆို ကျောင်းသား ၃၀ ကျော် တရုတ်နိုင်ငံကို လေ့လာရေး စေလွှတ်ခဲ့ပြီလို့ဆိုပါတယ်။


         တတိယအကြိမ် Seeds For The Future အစီအစဉ်မှာ မြန်မာနိုင်ငံအနှံ့က ကွန်ပျူတာနဲ့နည်းပညာတက္ကသိုလ်ကျောင်းသားတွေထဲက ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူ ၁၀ ဦးကို တရုတ်နိုင်ငံ ရှန်ကျန်း မြို့မှာ ရှိတဲ့ Huawei ရုံးချုပ်မှာ လေ့လာရေး ခရီးစဉ်ပို့ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။




Photo: Duwun Tech


         မေလ ၃ ရက်နေ့က ရန်ကုန်မြို့Huawei Consumer Innovation Center မှာ ကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ် Huawei Seeds for The Future ကနေ ထုတ်ပြန်ချက်အရ ရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူများကို လာမယ့် မေလ ၄ ရက်ကနေ ၁၇ ရက်နေ့အထိ ၂ ပတ်ကြာ လေ့လာရေး သွားရမှာ ဖြစ်ပါတယ်။

         လေ့လာရေး ကာလ ပထမအပတ်အတွင်း တရုတ်နိုင်ငံ ပေကျင်းမှာ မတူညီတဲ့ ယဉ်ကျေးမှုများ အပြန်အလှန် ဖလှယ်ပြီး ကျန်တဲ့ တစ်ပတ်အတွင်း ရှန်ကျန်းမှာ ရုံးစိုက်တဲ့ Huawei ရုံးချုပ်မှာ 5G ၊ LTE နဲ့Cloud Computing စတဲ့ နောက်ဆုံးပေါ် နည်းပညာတွေ လေ့လာခွင့်ရမယ်လို့ဆိုပါတယ်။

         Huawei ဟာ ဒီဇင်ဘာ ၂၉ ရက်နေ့က ပြည်တွင်း နည်းပညာနဲ့ကွန်ပျူတာတက္ကသိုလ်များမှ ထူးချွန်တဲ့ ကျောင်းသား ၅၀ ကို ပညာသင်ဆုပေးမယ့် ICT Talent Development Program အတွက် နားလည်မှု စာချွန်လွှာ MoU ကို သက်တမ်းတိုးခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှ ICT talents ရှိသူ ၁၅၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။

         Huawei ရဲ့ Seeds For The Future အစီအစဉ်ကို လက်ရှိမှာ နိုင်ငံပေါင်း ၁၂၅ နိုင်ငံမှာ အကောင်အထည်ဖော်နေပြီး ထူးချွန်လူငယ်ပေါင်း ၄၇၂၅ ဦးကျော် ပါဝင်ခဲ့ပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က