RAM 2GB + ROM 32GB အတွက် ၁၆၉,၉ဝဝ ကျပ်နှင့် RAM 3GB + ROM 32GB အတွက် ၁၉၉,၉ဝဝ ကျပ်ကျသင့်မှာပါ။

realme ရဲ့အသစ်ထွက် စမတ်ဖုန်း realme C3 ကို မြန်မာနိုင်ငံစျေးကွက်မှာ ဝယ်ယူနိုင်ပြီဖြစ်ပြီး လက်ဆောင်တွေရမယ့် အခွင့်အရေးလည်းရှိတယ်လို့ သိရပါတယ်။ realme C3 ဟာ TripleCamera GamerMonster ဆောင်ပုဒ်နဲ့အညီ ပိုမိုကောင်းမွန်တဲ့ ကင်မရာရိုက်ကူးမှုအတွေ့အကြုံ၊ Gaming ပိုင်းပိုမိုမြင့်မားသွက်လက်မှုတွေနဲ့ ပေးရတဲ့ စျေးနဲ့ ထိုက်တန်တဲ့ တန်ဖိုးကို အပြည့်အဝရရှိစေမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ realme C3 ကို version ၂မျိုး ထုတ်လုပ်ပေးထားပြီး RAM 2GB + ROM 32GB အတွက် ၁၆၉,၉ဝဝ ကျပ်နှင့် RAM 3GB + ROM 32GB အတွက် ၁၉၉,၉ဝဝ ကျပ်ကျသင့်မှာပါ။ အရောင်အနေနဲ့တော့ Blazing Red နဲ့ Frozen Blue ဆိုပြီး အရောင် ၂မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

realme C3 မှာ ကြီးမားကျယ်ပြန်တဲ့ 6.5-inch HD+ display ကိုအသုံးပြုပေးထားပြီး Multimedia အသုံးပြုမှုကို ပိုမိုကြာရှည်ခံစေမယ့် ကြီးမားတဲ့ 5000 mAh battery နဲ့တွဲဖက်ပေးထားပါတယ်။

GameMonster ဆိုတဲ့အတိုင်း ပိုမိုသွက်လက်မြန်ဆန်တဲ့ Gaming အတွေ့အကြုံတွေကို ထိတွေ့ရရှိနိုင်စေရန် MediaTek ရဲ့ Helio G70 ကိုအသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး Entry-level စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ Mobile Legends ဂိမ်းတွေအပြင် graphic အပိုင်းပိုမိုလိုအပ်တဲ့ PUBG လိုဂိမ်းမျိုးကိုတောင် HD ရုပ်ထွက်အရည်အသွေး၊ High Frame Rate ဖြင့်ကစားနိုင်တာကိုတွေ့ရပါတယ်။

TripleCamera ဆိုတဲ့အတိုင်း နောက်ကင်မရာ ၃လုံးတပ်ဆင်ပေးထားတဲ့ ပထမဆုံး C series ထုတ်ကုန်တစ်ခုလည်းဖြစ် လာခဲ့ပြီး 12MP ပင်မကင်မရာ၊ Portrait အလှပုံတွေရိုက်နိုင်စေမယ့် 2MP Depth Sensor သုံးကင်မရာနှင့် ၄ စင်တီမီတာ အကွာက အနုစိတ်ပုံလေးတွေကိုပါစမ်းသပ်ရိုက်ယူနိုင်စေမယ့် 2MP Ultra Macro Sensor သုံး ကင်မရာတို့ကို တပ်ဆင်ပေးထားပါတယ်။ ရှေ့ဘက် Selfie ကင်မရာအတွက်လည်း AI ဓာတ်ပုံကောင်းများ ရိုက်ယူနိုင်စေမယ့် 5MP ကင်မရာပါဝင်ပါတယ်။

realme C3 မှာ Android 10 ကိုအခြေခံထားတဲ့ realme ရဲ့ကိုယ်ပိုင် realme UI ကိုတစ်ပါတည်းထည့်သွင်းပေးထားတဲ့ စမတ်ဖုန်းဖြစ်တဲ့ realme UI ရဲ့အားသာချက်ကြောင့် app များဖွင့်တဲ့အချိန်ကို ၁၄ရာခိုင်နှုန်း၊ RAM သုံးစွဲမှုကို ၂ဝ ရာခိုင် နှုန်းအထိလျှော့ချပေးထားသလို battery အားခံမှုကိုလည်း ၄ဝ ရာခိုင်နှုန်းအထိမြင့်တက်စေမှာပါ။

realme C3 ကိုဝယ်ယူသူ customer များအနေဲ့ ဧပြီလ (၁၇)ရက်အထိအထူးလက်ဆောင် “Dare to Leap” စာသားပါ realme T-shirt နဲ့ realme Gift-set ၂မျိုးထဲမှ တစ်မျိုးကို ရွေးချယ်ရယူနိုင်မယ်လို့သိရပါတယ်။

(ဒီသတင်းကို realme မှပံ့ပိုးကူညီထားပါတယ်)



က္က