သတင်းတွေအရတော့ ကမ္ဘာကျော် ရီးရဲလ်မက်ဒ်ရစ်နဲ့ပေါ်တူဂီ တိုက်စစ်မှူးဟာ ၁၃ ပိုင်းစာ ရှိုးအတွက် ဒေါ်လာ ၁၀ သန်းကျော် ရဖို့ရှိနေပါတယ်။
photo:mirror
အရှေ့တောင်အာရှနိုင်ငံများမှာ ပရီးမီးယားလိဂ်ပွဲစဉ်များ ပြသခွင့် ဝယ်ယူထားတဲ့ Facebook ဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့documentry စီးရီးအဖြစ် episode ၁၃ ခုစာ ရှိုးများ ရိုက်ကူးဖို့ကမ်းလှမ်းလိုက်တာပါ။ Facebook ရဲ့ TV content တွေ ထုတ်လုပ်နေတဲ့ Facebook Watch ကဏ္ဍမှာ ပါဝင်ပေးဖို့ကမ္ဘာကျော်ဘောလုံးစတားဖြစ်တဲ့ စီရော်နယ်ဒိုနဲ့Facebook တို့ဆွေးနွေးညှိနှိုင်းနေပြီလို့လည်း ဆိုပါတယ်။
ရိုက်ကူးမယ့် documentry series အကြောင်း မသိရသေးပေမယ့် Variety သတင်းများအရ စီရော်နယ်ဒိုရဲ့ ဇာတ်ကြောင်းကို အမေရိကန်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Matador Content နဲ့မီဒီယာလုပ်ငန်းဖြစ်တဲ့ Religion of Sports တို့ကနေ ထုတ်လုပ်ပေးသွားမယ်လို့ဖော်ပြထားပါတယ်။ စီရော်နယ်ဒိုနဲ့Facebook အကြားမှာတော့ အဆုံးသတ် သဘောတူညီမှုတော့ မရရှိသေးပါဘူး။
Facebook ဟာ ဒီ show အတွက် အနည်းဆုံး ဒေါ်လာ ၁၀ သန်း နဲ့ကမ်းလှမ်းသွားဖို့ရှိပြီး ဒီ အစီအစဉ်ဟာ သမိုင်းမှာ အကြီးဆုံး TV series ဆိုင်ရာ သဘောတူညီမှုတစ်ခုလည်း ဖြစ်သွားဖို့ရှိနေပါတယ်။ စီရော်နယ်ဒိုကိုယ်တိုင်ဟာ Facebook မှာ နာမည်အကြီးဆုံး ကစားသမားတစ်ယောက်ဖြစ်နေပြီး followers ပေါင်း သန်း ၁၂၀ ကျော် ရှိထားသူ ဖြစ်တာကြောင့် Facebook နဲ့documentry show ရိုက်ဖြစ်မယ်ဆိုရင်တော့ Facebook Watch ဟာ YouTube ၊ Netflix နဲ့တစ်ခြား cable TV ဈေးကွက်ကိုပါ ယှဉ်ဖိုက်လာနိုင်ဖို့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ Facebook ဟာ ရုပ်သံတီဗွီစီးရီးတွေ တိုက်ရိုက်ကြည့်ရှုနိုင်မယ့် Watch ဗွီဒီယိုကဏ္ဍကို စတင် ဖွင့်လှစ်ခဲ့တာပါ။ TV shows များကို ကြည့်ဖို့အတွက် အသစ်မိတ်ဆက်လိုက်တဲ့ ဒီကဏ္ဍမှာ Facebook ရဲ့ ဗွီဒီယိုရှိုးတွေ အပြင် တစ်ခြား Facebook နဲ့ပူးပေါင်းထားတဲ့ မီဒီယာတွေဆီက ရုပ်သံဗွီဒီယို အမြောက်အများလည်း ထည့်သွင်းထားပါတယ်။
photo:socialsamosa
ဘောလုံးအားကစားလောကနဲ့ချိတ်ဆက်ပြီး စီးပွားရေးကွန်ရက် ဖြန့်ကျက်လာတဲ့ Facebook ဟာ အာရှဒေသတွင်း နိုင်ငံများမှာ ပရီးမီးယားလိဂ် ပွဲစဉ်များ ပြသခွင့် ၃ နှစ်အတွက် ပေါင်သန်း ၂၀၀ ကျော်နဲ့ဝယ်ယူထားတယ်လို့ဆိုပါတယ်။ Facebook ဟာ မေဂျာလိဂ်နဲ့လာလီဂါပွဲစဉ်များအတွက်ပါ တိုက်ရိုက် တင်ဆက်ခွင့်ရထားပြီး ပရီးမီးယားလိဂ်ကတော့ အကြီးဆုံးအားကစားစီးပွားရေးဖြစ်လာဖို့လည်း ရှိနေပါတယ်။