ကင်မရာဒီဇိုင်းတွေ ပြောင်းလာနေပါပြီ
Nyein Min Wai

လာမယ့် နိုဝင်ဘာ ၁၄ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမယ့် Vivo S5 ရဲ့ ဒီဇိုင်းနဲ့ တစ်ချို့ အချက်အလက်တွေ ကြားသိရပြီ ဖြစ်ပါတယ်။

တရုတ်လူမှုကွန်ရက် မီဒီယာ Weibo ပေါ် တင်ထားတဲ့ Vivo ရဲ့ Vivo S5 ပုံတွေအရ ဘေးဘောင် bezel ပါးပါးနဲ့ ဝန်းရံထားတဲ့ punch-hole display ပါရှိပြီး OLED panel သုံးမယ်လို့ ဆိုပါတယ်။ ၆.၄၄ လက်မ အရွယ် OLED display သုံးထားတဲ့ Vivo S5 မှာ in-display လက်ဗွေစနစ် သုံးသွားဖို့ ရှိပြီး ကျောဘက်မှာ ထူးခြားတဲ့ ကင်မရာ ၄ လုံး ဒီဇိုင်း ပါလာမှာပါ။

Photo: kalerkantho

Diamond Shaped ကင်မရာကွက်ထဲမှာ ကင်မရာ lens ၃ ခုရဲ့ LED flash တစ်ခု ထည့်ထားပြီး နောက်ထပ် လေးခုမြောက် ကင်မရာ lens ဟာ အောက်တည့်တည့်မှာ ရှိနေပါတယ်။ ကျောဘက် panel ဟာ ရောင်ပြေး gradient ဒီဇိုင်းနဲ့ လာပြီး ကျောဘက်အလယ်မှာ အပြာနုရိပ်ရိပ်ကလေး သန်းပြီး ဘေးအနားတွေမှာ ပန်းနုဆန် အရောင်ပေးနေပါတယ်။

ကင်မရာ specs တွေအနေနဲ့ အသေးစိတ် မသိရသေးပေမယ့် TENAA ဆိုက်မှာ ဖော်ပြချက်အရ 48MP ပင်မကင်မရာ နဲ့ 8MP ultrawide ၊ 5MP depth sensor နဲ့ 2MP macro sensor ကင်မရာ ၄ လုံး သုံးမယ်လို့ ဆိုပါတယ်။ ရှေ့ဘက်မှာ 32MP selfie ကင်မရာပါပြီး Snapdragon 710 SoC သုံးသွားဖို့ရှိပါတယ်။ ဒီ mid-range processor နဲ့အတူ RAM 8GB/256GB storage ၊ 4010 mAh ဘက်ထရီတို့ ပါရှိမှာပါ။

Vivo S5 အကြောင်း အသေးစိတ် အချက်အလက် သိရဖို့ နောက်တစ်ပတ် ဆက်စောင့်ကြည့်ရမှာ ဖြစ်ပြီး တရားဝင် မိတ်ဆက်ချိန်မှာ နောက်ထပ် features သစ်တွေ ထပ်မြင်ရဖို့ ရှိပါတယ်။


က္က