ဝန်ဆောင်မှု ပေးတာ ၆ လပဲ ရှိပါသေးတယ်။
Nyein Min Wai

ဇွန်လ တစ်လတည်းမှာ စကာၤပူစက်ဘီးအငှားဝန်ဆောင်မှု လုပ်ငန်းကို လက်ပြသွားခဲ့တဲ့ Bike-sharing ကုမ္ပဏီ ၃ ခု ရှိလာပါတယ်။ ဒီထဲမှာ ShareBikeSG က တတိယမြောက်ပါပဲ။

photo: straitstimes

 

ShareBikeSG ရဲ့အရင် GBike နဲ့oBike တို့ဟာ ဒဏ်ကြေးအကြီးအကျယ် တပ်ခံရသလို ဒေါ်လာသန်းပေါင်းများစွာ ရှိတဲ့ ဖောက်သည်များရဲ့ deposit သွင်းကြေးများလည်း ပေးရမယ့် ပြဿနာက အခုထိ မပြီးသေးပါဘူး။ ဒါကြောင့်ပဲ စကာၤပူမှာ လုပ်ငန်းတွေ ဖျက်သိမ်းလိုက်ကြတာပါ။ ဒီအရင်မှာလည်း လိုင်စင်စည်းမျဉ်း တင်းကြပ်လာခြင်းဟာ bike-sharing အော်ပရေတာများအတွက် အကျပ်ရိုက်စရာ ဖြစ်လာခဲ့တာပါ။

စကာၤပူဈေးကွက်ထဲ ဝင်လာတာ ၆ လလောက်ပဲ ရှိသေးတဲ့ ShareBikeSG ဟာလည်း oBike နဲ့GBike တို့လို သော့ခတ်စရာမလိုဘဲ ရောက်တဲ့ နေရာမှာ ဒီအတိုင်း ထားခဲ့နိုင်တဲ့ bluetooth lock စနစ်ပါ စက်ဘီးငှား ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလထဲမှာ အော်ပရေးရှင်းစခဲ့တဲ့ ShareBikeSG ဟာ Marina Bay ၊ East Coast Park ၊ Pasir Ris နဲ့Punggol တို့နားမှာရှိတဲ့ ဥယျာဉ်များအပါအဝင် နေရာများစွားမှာ တောင်တက်စက်ဘီးပေါင်း ၃၀၀ ခန့်နဲ့ဝန်ဆောင်မှု ပေးနေတာပါ။

 

ဒီကုမ္ပဏီကို တည်ထောင်ခဲ့သူ အီတန် တန်ကတော့ ShareBikeSG ရဲ့ ဝန်ဆောင်မှုများကို ဇူလိုင် ၁ ရက်နေ့ကစပြီး တရားဝင် ရပ်ဆိုင်းတော့မှာ ဖြစ်ပြီး သုံးစွဲသူများရဲ့ deposit သွင်းငွေများ (တစ်ဦးကို စကာၤပူဒေါ်လာ ၉.၉၀ ပေးထားရတာပါ။) နဲ့ပတ်သက်ပြီး ဖြေရှင်းဖို့အတွက်တော့ မိုဘိုင်းလ် app ဟာ ဆက်ပြီး အလုပ်လုပ်နေဦးမှာ ဖြစ်တယ်လို့ဆိုပါတယ်။

စကာၤပူယာဉ်လိုင်စင်စည်းမျဉ်းသစ်အရ  သတ်မှတ်နေရာမှာ ယာဉ်ပါကင်မထိုးသူများအတွက် ပြစ်ဒဏ်ဟာ bike-sharing ကုမ္ပဏီတစ်ခုအတွက် အတော်လေး ခက်ခဲစေတယ်လို့လည်း ဝန်ခံထားပါတယ်။ ShareBikeSG မတိုင်ခင် တစ်ပတ်ကပဲ oBike ဟာ တစ်နိုင်ငံလုံးရှိ စက်ဘီးပေါင်း ၇၀၀၀၀ ခန့်ကို ဇူလိုင် ၄ ရက်နေ့နောက်ဆုံးထားပြီး ပြန်လည် သိမ်းဆည်းဖို့စကာၤပူ ကုန်းလမ်း ပို့ဆောင်ရေးအာဏာပိုင်ရုံး LTA က အမိန့်ပေးထားပါတယ်။

photo:sgsme

 

နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ဝန်ဆောင်မှုပေးနေတဲ့ oBike ကတော့ စကာၤပူမှာ လုပ်ငန်းရပ်ဆိုင်းရခြင်းဟာ တစ်ခြားဈေးကွက်တွေပေါ် သက်ရောက်မှု မရှိဘူးလို့လည်း အတည်ပြုထားပါတယ်။ 

 


Author


က္က