resale value ကတော့ ဇီးရိုးဒေါ်လာပါ

Google မှ Huawei ကို စီးပွားရေး ပိတ်ပင်ကြောင်း ပြောကြားပြီးတဲ့နောက် စကာၤပူနိုင်ငံသားတွေဟာ သူတို့ရဲ့ Huawei P30 Pro ဖုန်းတွေကို ဖုန်းဟောင်း ဖုန်းသစ် အရောင်းအဝယ်လုပ်တဲ့ Carousell ဝက်ဘ်ဆိုက်မှာ ပြန်ရောင်းချမှု တဟုန်းထိုးမြင့်တက်လာတယ်လို့ဆိုပါတယ်။

         Asia One ကနေ ဖော်ပြတဲ့ သတင်းမှာတော့ စကာၤပူလက်လီ second-hand ဖုန်းအရောင်းဆိုင်တွေဟာ Huawei ဖုန်းနဲ့တက်ဘလက်များ မဝယ်တော့ဘူးလို့ဖော်ပြထားပါတယ်။ စကာၤပူမှ တစ်ပတ်ရစ် သုံးပြီး ဖုန်းအရောင်းအဝယ်ဆိုင်များနဲ့အလိုက်ပေးလဲတဲ့ ဈေးကွက်မှာ Huawei ဖုန်းတွေရဲ့ ဈေးနှုန်းဟာ Zero dollar အဖြစ် သတ်မှတ်ထားကြပါတယ်။



Google services တွေ အပိတ်ခံရကြောင်း သတင်းတွေ ထွက်လာပြီးနောက် သုံးပြီးသား Huawei ဖုန်းတွေရဲ့ ဈေးဟာ ဒေါ်လာ ၂၀၀ ကနေ ၃၀၀ အထိ ကျသွားခဲ့ပါတယ်။ အွန်လိုင်း လက်လီစတိုး Lazada ဟာ သူ့ရဲ့ ရောင်းပြီးသား ထုတ်ကုန်တွေ ဝယ်ပြီး ၁၅ ရက်အတွင်း လာလဲမယ်ဆိုရင် LazMall Section ကနေ ငွေအပြည့်ပြန်အမ်းပေးတယ်လို့ဆိုပါတယ်။

Photo: mothership

         Google နဲ့Android ဝန်ဆောင်မှုတွေ ဆက်သုံးလို့မရအောင် ပိတ်ပင်ခံရပြီးနောက် Huawei ဖုန်းကိုင်တဲ့ စကာၤပူနိုင်ငံသားတွေဟာ စိုးရိမ်မှု မြင့်တက်လာခဲ့ပါတယ်။ လောလောဆယ် ဈေးကွက်ထဲ ရောက်ပြီးသား Huawei ဖုန်းတွေမှာ Android OS updates နဲ့Google Service apps များ အသုံးပြုနိုင်သေးသလို အမေရိကန်အစိုးရဘက်မှလည်း Huawei ပေါ် ပိတ်ပင်မှု ရက် ၉၀ ရွှေ့ဆိုင်းထားပါတယ်။

         သြဂုတ်လ ၁၉ ရက်နေ့အထိ အကျုံးဝင်မယ့် ယာယီလိုင်စင်ထုတ်ပေးထားပြီး အမေရိကန်ကုန်သွယ် ဌာနအနေနဲ့Huawei Technologies ရဲ့ လက်ရှိ တည်ဆောက်နေတဲ့ ကွန်ရက်များ ထိန်းသိမ်းဖို့အမေရိကန်ထုတ် ပစ္စည်း အစိတ်အပိုင်းများ ဝယ်ယူခွင့်ပေးထားပါတယ်။ ရက် ၉၀ စီးပွားရေးဖြေလျှော့မှုပြီးချိန်မှာ Huawei ဟာ အမေရိကန် Supplier အားလုံးနဲ့အဆက်အသွယ်ဖြတ်ရတော့မှာလည်း ဖြစ်ပါတယ်။

         Huawei ဟာ ကမ္ဘာကျော် chip maker ဖြစ်တဲ့ ARM နဲ့လည်း စီးပွားရေးအတူ လက်တွဲလုပ်ဆောင်ခွင့် မရတော့တာကြောင့် နောက်ပိုင်းထုတ်သွားမယ့် ဖုန်းတွေအတွက် chip ဒီဇိုင်းနဲ့နည်းပညာပိုင်းမှာ အခက်တွေ့တော့မှာပါ။ ဒီသတင်းပတ်ရဲ့ အစမှာပဲ ဂျပန်တယ်လီကွန်း carrier နှစ်ခု ဖြစ်တဲ့ SoftBank ရဲံ Y! Mobile Service နဲ့KDDI တို့ဟာလည်း ယင်းတို့ကွန်ရက်ပေါ်မှာ Huawei ဖုန်းသစ်များ ဖြန့်ချိမှု ရပ်ဆိုင်းထားမယ်လို့ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က