COVID-19 ကြောင့် အသွားအလာများ ကန့်သတ်ထားတဲ့ စင်ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးတရားခံတစ်ဦးကို Zoom ပလက်ဖောင်းမှတစ်ဆင့် သေဒဏ်ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

အသက် ၃၇ နှစ်အရွယ် မလေးရှားလူမျိုး ပူနိတန်ဂန်နာဆန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း စင်ကာပူမှာ Video Conferencing ပေါ်ကနေ ပထမဆုံးသေဒဏ်ပေးခံရသူ ဖြစ်လာခဲ့တယ်လို့ Straits Times က ဖော်ပြထားပါတယ်။ စင်ကာပူ တရားလွှတ်တော်ချုပ်မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကန့်သတ်ဖို့အတွက် Zoom ပေါ်ကနေ ကြားနာမှု လုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။




Photo: VOA News

"တရားခွင်မှာ ပါဝင်သူအားလုံး ဘေးကင်းစေဖို့ ပူနိတန်ဂန်နာဆန်ရဲ့ အမှုကို video conferencing ကနေ ကြားနာမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။" လို့ တရားလွှတ်တော်ချုပ်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဂန်နာဆန်ရဲ့၂၀၁၁ ခုနှစ်က ဘိန်းဖြူကုန်ကူးမှုကို တရားရုံးမှ စီရင်ချက် ချခဲ့တာပါ။ သူဟာ အနည်းဆုံး ဘိန်းဖြူ ၂၈.၅ ကီလိုဂရမ် ကုန်ကူးမှုမှာ ပါဝင်ခဲ့ပြီး ၂၀၁၁ ခုနှစ်ထဲမှာ ဘိန်းဖြူဖြန့်သူ ၂ ဦး ခေါ်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲက တစ်ယောက်ကို စင်ကာပူနိုင်ငံအတွင်း စေလွှတ်ခဲ့ပြီး တစ်ခြားသူတွေနဲ့ တွေ့ဆုံစေခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဘိန်းဖြူဖြန့်ဖိူ့အတွက် မလေးရှားလူမျိုး ရှန်မူဂမ်ဗွီလိုနဲ့ စင်ကာပူနိုင်ငံသား မိုဟစ်ဆူအစ်ဖ်အစ္စမေးလ်တို့ကို ခေါ်သွင်းပြီးနောက် ဂန်နာဆန်ဟာ စင်ကာပူကနေ ထွက်သွားခဲ့တာပါ။ မလေးရှားမှာ သူ့ကို ဖမ်းဆီးရမိပြီးနောက် ၅ ရက်အကြာ ၂၀၁၆ ဇန်နဝါရီ ၂၁ ရက်နေ့မှာ သူ့ကို စင်ကာပူနိုင်ငံဆီ ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ စင်ကာပူဟာ တရားမဝင်မူးယစ်ဆေးဝါးအမှုကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်တဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၃ တစ်နှစ်တည်းမှာ မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၈ ယောက်ကို သေဒဏ်ပေးခဲ့ပါတယ်။


Photo: Business Today

ယခုတစ်ပတ်အတွင်း အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ‌ကောလင်းကောင်တီခရိုင်တရားရုံးဟာ အာမခံကုမ္ပဏီအမှုတစ်ခုအတွက် ဂျူရီလူကြီး ရွေးချယ်မှုကို Zoom ပလက်ဖောင်းပေါ်ကနေ လုပ်ဆောင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း လူအချင်းချင်း ထိတွေ့မှု နည်းစေဖို့ အွန်လိုင်းရုပ်သံပလက်ဖောင်း အသုံးပြုမှု မြင့်မားလာနေပါတယ်။ အမေရိကန်နိုင်ငံ ပြည်နယ်တရားရုံးအများစုဟာလည်း ပုံရိပ်ယောင်ကြားနာမှု အသုံးပြုဖို့ တိုက်တွန်းမှုများ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က