Tesla ဝန်ထမ်း ၄ ဦးအထိ ကူးစက်ခံရပြီ ဖြစ်ပါတယ်

နယူးယော့ခ်ပြည်နယ် ဘက်ဖဲလိုမြို့မှာရှိတဲ့ Tesla ဆိုလာပြားစက်ရုံမှ ဝန်ထမ်းတစ်ဦးဟာ COVID-19 ကူးစက်ခံထားရတယ်လို့ သတင်းထွက်ထားပါတယ်။


မေလ ၁၉ ရက်နေ့မှာ ပြန်ဖွင့်လိုက်တဲ့ ဘက်ဖဲလိုစက်ရုံဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်လို့ The Verge သတင်းမှာ စတင်ဖော်ပြထားတာပါ။ ဒီဝန်ထမ်းဟာ COVID-19 ကူးစက်ခံထားရတဲ့ စတုတ္ထမြောက် Tesla ဝန်ထမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ Tesla ရဲ့ အမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်ဟာ ပြီးခဲ့တဲ့ မေလထဲမှာ နိုင်ငံအနှံ့က Tesla စက်ရုံတွေ ပြန်ဖွင့်ခဲ့ပါတယ်။



Photo: businessinsider


စက်ရုံတွေ ပြန်ဖွင့်ပြီးနောက် ပထမဆုံး Tesla ဝန်ထမ်းတစ်ဦး COVID-19 ‌‌‌ရောဂါ ကူးစက်ခံရတယ်လို့ တွေ့ရှိခဲ့ရတာပါ။ ဘက်ဖဲလိုစက်ရုံဟာ Tesla ရဲ့ နေရောင်ခြည်စွမ်းအင်လုပ်ငန်းခွဲတစ်ခု ဖြစ်တဲ့ SolarCity ကနေ လည်ပတ်နေတာ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ စုစုပေါင်း ဝန်ထမ်းအင်အား ၁၅၀၀ ခန့်ရှိထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် စက်ရုံပိတ်ထားချိန်မှာ လွတ်လပ်တဲ့ အချိန်ပြည့် ကန်ထရိုက်ဝန်ထမ်း ၉၈၄ ဦးကို အလုပ်မှ ခွင့်ပေးထားတယ်လို့ Buffalo Business First က ဖော်ပြထားပါတယ်။

Tesla ရဲ့ နယူးယော့ခ်စက်ရုံမှာ ရှိတဲ့ Panasonic ဝန်ထမ်းတစ်ဦး ၊ နီဗားဒါးပြည်နယ် Gigafactory နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ရုံးဝန်ထမ်းနှစ်ဦးတို့လည်း ပြီးခဲ့တဲ့ မတ်လထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ပါတယ်။Tesla ရဲ့ CEO အီလွန်မတ်စ်ကတော့ ဘက်ဖဲလိုစက်ရုံကို shutdown ကာလအတွင်း COVID-19 ရောဂါခံစားရသူများအတွက် အသက်ရှုစက် ထုတ်ဖို့ အသုံးပြုသွားမယ်လို့ ပြီးခဲ့တဲ့ မတ်လထဲမှာ ပြောခဲ့ပါတယ်။

Photo: The Verge


ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူဟာ တရုတ်နိုင်ငံမှ FDA ‌ထောက်ခံချက်ပါ ResMed , Philips 7 Medtronic အသက်ရှုစက် ၁၂၅၅ လုံး အမေရိကန်ကို ဝယ်ယူတင်ပို့ခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အီလွန်မတ်စ်ဟာ COVID-19 ကြောင့် လူတွေကို အိမ်ထဲမှာ နေဖို့ ညွှန်ကြားတဲ့တာဟာ ဖက်ဆစ်ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခဲ့သူ ဖြစ်ပါတယ်။

စက်ရုံတွေ ပြန်ဖွင့်လာကြပြီးနောက် COVID-19 လူနာသစ် တွေ့တာ Tesla တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ဒက်ထရွိုက်ကားစက်ရုံ သုံးခုက ဝန်ထမ်းတွေထဲမှာ COVID-19 ကူးစက်ခံထားရများ တွေ့ခဲ့ရသလို Ford ၊ General Motors နဲ့ Fiat Chrysler Automobiles ကားကုမ္ပဏီစက်ရုံများလည်း COVID-19 ပိုးတွေ့ ဝန်ထမ်းများ ရှိခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က