ယွမ် ဘီလျံ ၂၀၀ ထပ်ပြီး ရင်းနှီးမြှပ်နှံ သွားမှာပါ

Alibaba Group လက်အောက်ခံ Alibaba Cloud ဟာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် cloud နည်းပညာထောက်ပံ့ဖို့ ဒေါ်လာသန်း ၃၀ တန် ပရိုဂရမ်တစ်ခု လုပ်ဆောင်ထားပါတယ်။ 

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်ဆုံးရှုံးလာနေချိန်မှာ Alibaba Cloud ဟာ ထုတ်ကုန် ၁၂ မျိုးအတွက် အခမဲ့ Cloud Services အကူအညီပေးသွားမယ့် အစီအစဉ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ South China Morning Post သတင်းအရ ဧပြီ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၂ ရက်နေ့အတွင်း ကမ္ဘာအရပ်ရပ်က SME ဖောက်သည်သစ်များအတွက် လျှောက်လွှာလက်ခံသွားမယ်လို့ ဆိုပါတယ်။



Photo: Alizila

လျှောက်လွှာထဲကမှ စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ လျှောက်ထားသူများဟာ သတ်မှတ်ကာလအတွင်း အခမဲ့ Cloud Services များ ရယူနိုင်မှာ ဖြစ်ပါတယ်။ ပေးသွားမယ့် ဝန်ဆောင်မှု package ထဲမှာ Alibaba Cloud ရဲ့ latency နိမ့် cloud apps များ ပေးမယ့် Elastic Compute Service ၊ cloud အတွင်း ဒေတာသိမ်းဆည်းသိုလှောင်နိုင်မယ့် Object Storage Service ၊ လုံခြုံရေးထုတ်ကုန်များနဲ့ Alibaba ရဲ့ Web Application Firewall များ ပါဝင်မယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Alibaba ရဲ့ လက်ရှိ SME ဖောက်သည်များအနေနဲ့လည်း ရှိပြီးသား Cloud Apps များ အဆင့်မြှင်တင်တိုးချဲ့ဖို့အတွက် ထုတ်ကုန်ကူပွန်များ ရရှိမယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ SME အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလ အဖွဲ့ဝင်လုပ်ငန်းများရဲ့ နည်းပညာလိုအပ်ချက်ကိုလည်း ကူညီသွားမယ်လို့ ပြောထားပါတယ်။

Photo: cloudcomputing

"COVID-19 ဟာ ကမ္ဘာ့စီးပွားရေးကို မကြုံဖူးတဲ့ စိန်ခေါ်မှုနဲ့ ထိခိုက်နစ်နာမှုတွေ ဖန်တီးခဲ့ပါတယ်။ အထူးသဖြင့် SME လိုမျိုး ငွေကြေးနဲ့ နည်းပညာ အထောက်အပံ့ အခက်အခဲနဲ့ ကန့်သတ်မှုတွေ ရှိတဲ့ လုပ်ငန်းတွေမှာ ပိုအထိနာပါတယ်။" လို့ Alibaba Cloud Intelligence ရဲ့ နိုင်ငံတကာစီးပွားရေးဥက္ကဌ ဆယ်လီနာယွမ်က ဆိုပါတယ်။

Alibaba ဟာ လာမယ့် ၃ နှစ်အတွင်း တရုတ်နိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းများ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး အရှိန်မြှင့်တင်ပေးဖို့ Cloud Infrastructure မှာ နောက်ထပ် ယွမ် ဘီလျံ ၂၀၀ (ဒေါ်လာ ၂၈.၂ ဘီလျံ) အထိ မြှပ်နှံသွားမယ့်အကြောင်းလည်း ကြေညာထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က