မကြာခင် ပြန်လည် စတင်သွားမှာပါ
Nyein Min Wai

ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီရဲ့အကောင့် တိုက်ခိုက်ခံရပြီးတဲ့နောက် Twitter ဟာ SMS ကနေ tweet တင်ခွင့်ပေးမှုကို ယာယီပိတ်ထားတယ်လို့ထုတ်ပြန်ပါတယ်။

ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့က Twitter support စာမျက်နှာမှာ ရေးသားချက်အရ SMS က တစ်ဆင့် tweet ရေးခွင့် ပိတ်ခြင်းဟာ ယာယီအခြေအနေပဲ ဖြစ်ပြီး အွန်လိုင်းနဲ့mobile ပေါ်ကပဲ tweet တင်နိုင်ဦးမယ်လို့ဆိုပါတယ်။

Photo: dailymail


" အခုလို လုပ်လိုက်တာကတော့ mobile carriers တွေနဲ့ဖြေရှင်းရမယ့် လုံခြုံရေး ယိုပေါက်တွေ ရှိလို့ပါ" လို့Twitter ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Twitter အနေနဲ့ဖုန်းနံပါတ်နဲ့ချိတ်ဆက်ထားတဲ့ အကောင့်တွေမှာ နှစ်ဆင့်ခံ လုံခြုံရေး စနစ်ပိုင်းကိုလည်း အဆင့်မြှင့်တင်မှု လုပ်နေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့မှာ Twitter အမှုဆောင်အရာရှိချုပ် ဂျက်ဒေါ်ဆီရဲ့ Twitter အကောင့်ဟာ hack ခံရပြီး လူမျိုးရေးခွဲခြားမှုနဲ့ရန်လိုတဲ့ tweets တွေကို မိနစ် ၂၀ ကြာမျှ တင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဂျက်ဒေါ်ဆီရဲ့ အကောင့်ကို တိုက်ခိုက်သွားသူဟာ SIM Swapping နည်းပညာသုံးပြီး တိုက်ခိုက်သွားတာ ဖြစ်လို့မိုဘိုင်း provider တွေရဲ့ လုံခြုံရေး အားနည်းမှုဟာ အပြစ်တင်စရာ ဖြစ်ခဲ့ပါတယ်။

Twitter အနေနဲ့ SMS အားကိုးပြီး tweets တင်တဲ့ ဈေးကွက်တွေမှာ tweet via text option feature ကို ပြန်သုံးသွားမှာ ဖြစ်သလို ရေရှည် ပြုပြင်မှုလည်း လုပ်နေတယ်လို့ဆိုပါတယ်။


က္က