5G ဖုန်းတွေပါ ထုတ်သွားဖို့ရှိပါတယ်

Vsmart အမှတ်တံဆိပ် စမတ်ဖုန်းတွေ နဲ့ ကားတွေ ထုတ်လုပ်နေတဲ့ ဗီယက်နမ်ရဲ့ အကြီးဆုံးစီးပွားရေးလုပ်ငန်းစု Vingroup JSC ဟာ အန်းဒရိုက်ပလက်ဖောင်းပေါ်မှာ smart TV တွေ ထုတ်လုပ်ဖို့ Google နဲ့ သဘောတူလက်မှတ်ရေးထိုးမှုတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့က အခုလို သဘောတူညီမှုတစ်ရပ် လုပ်လိုက်တာ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြထားပါတယ်။ သတင်းထုတ်ပြန်ချက်အရ စမတ်တီဗွီ မော်ဒယ် ၅ မျိုးကို Vingroup ရဲ့ စက်ရုံတည်ရှိရာ ဟနွိုင်းမြို့မှာ တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး ဒီဇင်ဘာလကစလို့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

Photo: Nikkei Asia Review

Vingroup လုပ်ငန်းစုဟာ VinFast ယာဉ်ထုတ်လုပ်ရေးနဲ့ VinSmart စမတ်ဖုန်းလုပ်ငန်းများအပါအဝင် လုပ်ငန်းခွဲပေါင်း ၂၅ ခု ခန့် ပိုင်ဆိုင်ထားပါတယ်။ ၂၀၁၈ နိုဝင်ဘာထဲမှာ Vingroup ဟာ ထိပ်တန်းနည်းပညာမြင့်ကုမ္ပဏီတစ်ခုဖြစ်လာရေး ၁၀ နှစ်တာ စီမံကိန်းတစ်ခု ကြေညာခဲ့ပါတယ်။ VinSmart စမတ်ဖုန်းလုပ်ငန်းဟာ Fujitsu ၊ Qualcomm တို့နဲ့ ပူးပေါင်းပြီး 5G စမတ်ဖုန်းတွေ ထုတ်ဖို့ပါ သဘောတူ လက်မှတ်ရေးထားပါတယ်။

Vinsmart ဟာ လာမယ့် ၂၀၂၀ ဧပြီလကုန်နောက်ပိုင်း အမေရိကန် ၊ ဥရောပ နဲ့ တစ်ခြားဈေးကွက်တစ်ချို့မှာ 5G စမတ်ဖုန်းတွေ ဖြန့်ချိနိုင်ဖို့ ရည်မှန်းထားတာပါ။ Vinsmart 5G ဖုန်းဟာ Qualcomm ရဲ့ Snapdragon 5G modular ပလက်ဖောင်းနဲ့ Fujitsu ရဲ့ အဆင့်မြင့် features တွေ ဖြစ်တဲ့ ပါဝါစီမံမှု ၊ IP68 rating ရေစိုဖုန်တင်ခံမှု အပြင် 4G နဲ့ 5G ကွန်ရက်ချိတ်ဆက်မှုနှစ်မျိုးစလုံး လုပ်နိုင်မယ့် antenna system တစ်ခု သုံးသွားဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာ VinSmart ဟာ Vsmart Active 1 ၊ Vsmart Active 1+ ၊ Vsmart Joy 1 နဲ့ Vsmart Joy 1+ ဆိုပြီး စမတ်ဖုန်းမော်ဒယ် ၄ မျိုး ဖြန့်ချိထားပါတယ်။၂၀၁၉ နှစ်ဆန်းပိုင်းမှာ VinSmart စမတ်ဖုန်းတွေကို စပိန်နဲ့ မြန်မာဈေးကွက်တို့မှာ ရောင်းချထားပါတယ်။ Vsmart စမတ်ဖုန်းအမှတ်တံဆိပ်တွေကို အိန္ဒိယ ၊ ထိုင်း ၊ လာအိုနဲ့ ကမ္ဘောဒီးယားဈေးကွက်တွေမှာလည်း ဆက်လက်ဖြန့်ချိသွားဖို့ ရှိပါတယ်။



က္က