စမတ်ဖုန်းအလုံးရေ သန်း ၄၀ ကနေ ၆၀ အထိ ရောင်းအားကျဖို့ရှိပါတယ်။

အမေရိကန်အစိုးရရဲ့ကုန်သွယ်ရေး ပိတ်ပင်ခံရမှူနဲ့ကြုံပြီးနောက် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ဗဏီ ဖြစ်လာဖို့ကြိုးစားနေတဲ့ Huawei ဟာ နိုင်ငံတကာ စမတ်ဖုန်းရောင်းအား ထက်ဝက်ကျော် ကျဆင်းသွားဖို့ရှိပါတယ်။


        Huawei နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး GSMArena မှာတော့ ကမ္ဘာတစ်ဝှမ်းမှ Huawei ရဲ့ ဈေးကွက်ရှာဖွေရေးနဲ့အရောင်းမန်နေဂျာတွေဟာ စမတ်ဖုန်းရောင်းအား အကြီးအကျယ် ကျဆင်းမှူအတွက် ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ဈေးကွက်ကျွမ်းကျင်သူတွေကတော့ Huawei ရဲ့ စမတ်ဖုန်းရောင်းအားဟာ ၄၀% ကနေ ၆၀% အထိ ကျဆင်းသွားမယ်လို့ခန့်မှန်းပါတယ်။



Photo: Reuters

        Bloomberg သတင်းတစ်ပုဒ်မှာ Huawei အနေနဲ့ရောင်းအား ကျဆင်းလာမယ်ဆိုရင် Honor 20 ဖုန်းတွေ တင်ပို့မှူပါ ရပ်ဆိုင်းသွားဖို့ရှိတယ်လို့ဆိုပါတယ်။ Huawei Honor စီးရီးထဲမှာ flagship မော်ဒယ်အနေနဲ့ထွက်လာခဲ့တဲ့ Honor 20 ဖုန်းသစ်တွေဟာ ဈေးကွက်ထဲ ရောက်ပြီး ၂ ပတ်အတွင်း အလုံးရေ ၁ သန်း ရောင်းထွက်ခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။

        Huawei ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ Honor 20 ဖုန်းတွေ ဈေးကွက်က ဖယ်ရှားသွားဖို့ရှိတယ်ဆိုတဲ့ Bloomberg သတင်းကို ငြင်းဆန်ခဲ့ကြောင်း TechRadar သတင်းမှာ ဖော်ပြထားပြီး ဒီဟန်းဆက်တွေကို ဈေးကွက်မြှင့်တင်ရေးပါ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ပြောကြားခဲ့ပါတယ်။ Honor 20 ဟာ ပြင်သစ် နဲ့ယူကေအပါအဝင် ဥရောပဈေးကွက်မှာ ဖြန့်ချိသွားမယ့် စမတ်ဖုန်းတွေလည်း ဖြစ်ပါတယ်။

        တကယ်လို့စမတ်ဖုန်းရောင်းအားဟာ ခန့်မှန်းထားတဲ့အတိုင်း ကျဆင်းသွားမယ်ဆိုရင် Huawei ဟာ စမတ်ဖုန်းရောင်းအား သန်း ၄၀ ကနေ သန်း ၆၀ အထိ ကျဆင်းဖို့ရှိနေပါတယ်။ Huawei ရဲ့ အရောင်းမန်နေဂျာတွေကတော့ ဈေးကွက်အသီးအသီးရဲ့ လိုလားချက်တွေကို အဆက်မပြတ်စောင့်ကြည့်နေပြီး ဈေးကွက်ပေါ်လိုက်ပြီး ပစ္စည်းတင်ပို့မှူတွေ လုပ်ဆောင်သွားဖို့ရှိပါတယ်။

Photo: Zee Business

        အမေရိကန်ရဲ့ ကုန်သွယ်ရေး ပိတ်ဆို့အရေးယူမှူတွေ ကြုံနေပေမယ့် Huawei အနေနဲ့တရုတ်စမတ်ဖုန်းဈေးကွက်ရဲ့ ထက်ဝက်ကျော်ကို လွှမ်းခြုံနိုင်ဖို့ကြိုးစားနေပါတယ်။ အမေရိကန်ရဲ့ trade blacklist စာရင်းဝင်မှူကြောင့် Huawei ရဲ့ အရေးပါတဲ့ chip suppliers တွေ ဖြစ်တဲ့ Qualcomm ၊ Intel နဲ့Xilinx တို့ပေါ်လည်း သက်ရောက်မူ ရှိနေပါတယ်။စ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က