ဖုန်းရောင်းအားကနေ ဒေါ်လာ ဘီလျံ ၁၀၀ ကျော် ပထမဆုံး ရလာခဲ့ပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာတဲ့ Huawei ဟာ စမတ်ဖုန်းရောင်းအား မြင့်တက်လာမှုနဲ့အတူ ရောင်းအားအမြတ်ငွေကလည်း စံချိန်တင်မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။

Photo: Duwun Tech




         ၂၀၀၉ ခုနှစ်မှာ Huawei ရဲ့ ပထမဆုံး အန်းဒရိုက်ဖုန်းဖြစ်တဲ့ Huawei U8220 မိတ်ဆက်ခဲ့တာဖြစ်လို့စမတ်ဖုန်းလောကထဲ အချိန်တိုတိုလေးနဲ့ကမ္ဘာ့အကြီးဆုံး ထိပ်တန်းစမတ်ဖုန်း ကုမ္ပဏီ ၃ ခုစာရင်းမှာ နေရာပေးခံရတာကလည်း Huawei ရဲ့ မှတ်တိုင်တစ်ခုလို့ပြောရမှာပါ။ ၂၀၁၈ ခုနှစ်ဟာ Huawei အတွက် ထိုးနှက်ခံရမှုတွေကြုံခဲ့သလို ရလဒ်ကောင်းတွေလည်း ရှိခဲ့ပါတယ်။

         စမတ်ဖုန်းစီးပွားရေးမှာ Huawei ဟာ ၂၀၁၈ အတွင်း ယွမ် ၇၁၂.၂ ဘီလျံ ဖိုး (ဒေါ်လာ ၁၀၇.၁၃ ဘီလျံ) အထိ ရောင်းချနိုင်ခဲ့တာပါ။ Huawei အနေနဲ့စားသုံးသူစီးပွားရေးကဏ္ဍကနေ ဝင်ငွေဒေါ်လာဘီလျံ ၁၀၀ ကျော် ပထမဆုံးအကြိမ် ဝင်ခဲ့တာ ဖြစ်သလို နှစ်အလိုက် ဝင်ငွေပမာဏလည်း ၁၉.၅% မြင့်တက်လာတာ ဖြစ်ပါတယ်။

         CNBC သတင်းမှာ ဖော်ပြမှုအရ အသားတင်အမြတ်ငွေမှာ ယွမ် ၅၉.၃ ဘီလျံ အထိ ရောက်ခဲ့ပြီး ၂၀၁၇ နဲ့ယှဉ်ရင် ၂၅.၁% ပိုမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ဝင်ငွေအရ စံချိန်တင်မြင့်တက်လာတယ်ဆိုပေမယ့် အမြတ်နှုန်းတက်လာမှုကတော့ ၂၀၁၇ မှာ ရခဲ့တဲ့ ၂၈% ကို မမှီသေးပါဘူး။

         ၂၀၁၈ ခုနှစ်ထဲမှာပဲ Huawei ဟာ ၇ လအတွင်း စမတ်ဖုန်းပေါင်း သန်း ၁၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး တစ်နှစ်လုံး စမတ်ဖုန်းရောင်းအား ၂၀၆ သန်း ကျော်သွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က Huawei ရဲ့ စမတ်ဖုန်းရောင်းအားစံချိန်က ၁၅၃ သန်းကျော် ရောင်းချနိုင်ခဲ့တာနဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ တစ်ခြားတရုတ်နည်းပညာကုမ္ပဏီတွေနဲ့မတူတာက Huawei ရဲ့ ဝင်ငွေထက်ဝက်ခန့်ဟာ နိုင်ငံရပ်ခြား ဈေးကွက်တွေကနေ ဝင်တာဖြစ်ပါတယ်။

Photo: trustedreviews

         "ခံတပ်တစ်ခုကို ဖြိုဖို့အလွယ်ဆုံး နည်းလမ်းတစ်ခုရှိတယ်။ အဲ့ဒါက ခံတပ်ထဲ ဝင်ပြီး တိုက်ခိုက်ရတာပဲ။ ဒီလိုပဲ ခံတပ်တစ်ခုကို တိုးမပေါက်အောင် ကြံ့ကြံ့ခံနိုင်ဖို့အတွက် အလွယ်ဆုံးနည်းကလည်း အပြင်ကနေကာကွယ်ဖို့ပါ။" လို့Huawei ရဲ့ အလှည့်ကျ ဥက္ကဌ Guo Ping က ဂျာနယ်လစ် ၁၀၀ ကျော် တက်ရောက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

         တယ်လီကွန်းစီးပွားရေးပိုင်းမှာ Huawei ဟာ ယွမ် ၂၉၄ ဘီလျံ ရခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၉ အတွက်က Huawei ဟာ စမတ်ဖုန်းဝင်ငွေကနေ ဒေါ်လာ ၁၂၅ ဘီလျံ အထိ ခုန်တက်လာဖို့မျှော်မှန်းထားပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာကို ချိန်ရွယ်နေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က